လိင်အင်္ဂါအမွေးအမှင်ရိတ်သိမ်းစဉ် အရေပြားပေါက်ပြဲမှုကြောင့် ရောဂါပိုးကူးစက်ခံရနိုင်ခြေ မြင့်မား


အမျိုးသားဖြစ်စေ ၊ အမျိုးသမီးဖြစ်စေသည် ကျန်းမာရေး နှင့် တစ်ကိုယ်ရည်သန့် ရှင်းရေး တို့ ကို ရည်ရွယ်ပြီး လိင်အင်္ဂါအမွေးအမှင်များကို တိုအောင်ညှပ်ခြင်း သို့ မဟုတ် မရှိအောင် ရိတ်ခြင်းတို့ ပြုလုပ်ခြင်းကြောင့် လိင်အင်္ဂါ အရေပြားပေါက်ပြဲပြီး လိင်မှတစ်ဆင့် ရောဂါပိုးကူးစက်ခံရနိုင်ခြေ မြင့်မားကြောင်း အမေရိကန် သုတေသီများ ကပြောသည် ။ လိင်အင်္ဂါအမွေးအမှင်များကို တိဖြတ်ရိတ်သိမ်းခြင်းပြုလုပ်ရာတွင် အရြေားပေါ်၌ စုတ်ပြဲမှု ၊ ပြတ်ရှမှုတို့  ဖြစ်ပွားကြောင်း ၊ ၄င်းပြတ်ရှမှုများကြောင့် အရေပြား ပွင့်နေသည့် အတွက် ဗက်တီးရီးယား ကူးစက်နိုင်ခြေ ပို၍မြင့်မားလာ ခြင်းဖြစ်ကြောင်း ၊ ပြောင်ရှင်းအောင်ရိတ်သိမ်းခြင်း မပြုလုပ်ဘဲလည်း အချို့ သောရိတ်စက် ၊ဖြတ်စက်များကြောင့် အရေပြားပေါက်ပြဲနိုင်ပြီး ဗက်တီးရီုးယား ကူးစက်နိုင်ခြေ မြင့်မားနေမည် ပင်ဖြစ်ကြောင်း သိရသည် ။

လိင်ဆက်ဆံမှုကနေတစ်ဆင့်ကူးစက်တဲ့ရောဂါ STI ဆိုတာအကာအကွယ်မဲ့လိင်ဆက်ဆံခြင်း ၊ လိင်အင်္ဂါ များ အကာအကွယ်မဲ့ထိစပ်ခြင်း တို့ ကြောင့်ဖြစ်နိုင်ပါတယ် ။ အရွယ်ရောက်အမေရိကန်နိုင်ငံသား ၇၅၀၀ ဦးထက် မနည်းကိုလေ့လာ ဆန်းစစ်ကြည့်တဲ့အခါ STI ကူးစက်ရတဲ့အဓိက အကြောင်းရင်း နှစ်ခု ကိုက လိင်အရေပြားပေါက်ပြဲမှုတွေကြောင့်ဖြစ်ပါတယ် ။လိင်အရေပြားပေါက်ပြဲရတဲ့ အကြောင်းရင်း ကလည်း အမွေးအမှင်တွေကိုတိဖြတ်တာ ၊ ရိတ်ပစ်တာတွေကြောင့် အဓိကဖြစ်ရတာကိုတွေ့ ရပါတယ် ဟု သုတေသီတစ်ဦးက ရှင်းပြသည် ။

လိင်အင်္ဂါအမွေးရှင်းလင်းရန် အမျိုးသားများက လျှပ်စစ်ဘလိတ်ဓါးကို အသုံးပြုသည်ကများပြီး အမျိုးသမီးများကလက်သုံး ဘလိတ်ဓါးကို ပို၍ အသုံးပြုကြကြောင်း ၊ အမျိုးသား ၊ အမျိုးသမီးငါးဦးလျင် တစ်ဦးနှုန်းက ကပ်ကြေးကိုအသုံးပြုကြောင်း ၊ အဆိုပါ ကိရိယာများတွင် လိင်မှ တစ်ဆင့်ကူးစက်တတ်သော ဗက်တီးရီးယားပိုးမွှားများကို အများဆုံးတွေ့ ရကြောင်း ၊ ထိုကဲ့သို့ သန့် ရှင်းရေးပြုလုပ်ရာတွင် အရေပြားပေါက်ပြဲသွားလျင် အပြည့်အ၀ သက်သာ ကောင်းမွန်ခြင်း မရှိသေးဘဲ လိင်ဆက်ဆံမှုကို မပြုလုပ်သင့်ကြောင်း ၄င်းက ဆက်လက်ပြောပြသည် ။

အမျိုးသားများ၏ ၈၄ ရာခိုင်နှုန်းနှင့် အမျိုးသမီးများ၏ ၆၆ ရာခိုင်နှုန်းတို့ က အမွေးအမှင်များကို တိဖြတ်ခြင်း ၊ညှပ် ခြင်း ၊ ရိတ်ခြင်းများ ပြုလုပ်ကြသည်ကိုလေ့လာဆန်းစစ်မှုများ အရေသိရကြောင်း ၊ တစ်ကိုယ် သန့် ရှင်းမှု အတွက် လိုအပ်သည်ဖြစ်သော်လည်း အရေပြားမထိခိုက်အောင် ဂရုတစိုက်ဆောင်ရွက်ရန် လိုအပ်ကြောင်း ၊ အရေပြားတွင် ဒဏ်ရာရရှိပါက လုံးဝသက်သာသွားမှသာ လိင်ဆက်ဆံမှုကိုပြုလုပ်ခြင်းဖြင့် STI များကို ကာကွယ်သွားနိုင်မည် ဖြစ်ကြောင်း ၄င်းက ဖြည့်စွက်ရှင်းပြသည် ။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ