ဇီကာဗိုင်းရပ်စ်ကြောင့် ကလေးငယ်တွေမှာ အမြင်အာရုံပြဿနာများရှိနေ


ဇီကာဗိုင်းရပ်စ်နဲ့ဆက်စပ် မွေးဖွားလာတဲ့ ကလေးငယ်များမှာ အမြင်အာရုံပြဿနာသစ်တွေ ထပ်မံတွေ့ရှိကြောင်း သုတေသီများက ဆိုပါတယ်။
ပုံမှန်ထက် သေးငယ်တဲ့ ဦးခေါင်းနဲ့ ဦးနှောက်အရွယ်အစားဖြင့် မွေးဖွားလာစေနိုင်တဲ့ ဒီဗိုင်းရပ်စ်ကို တော်တော်များများ သိရှိပြီးဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လေ့လာချက်တွေမှာတော့ ဘရာဇီးကလေးငယ်တွေရဲ့ သုံးပုံပုံ တစ်ပုံမှာ အမြင်အာရုံကြောဆိုင်ရာ ပြဿနာတွေကိုပါ ထပ်မံခံစားနေရကြောင်း သိရှိခဲ့တာဖြစ်ပါတယ်။

ဇီကာဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီး မွေးဖွားလာတဲ့ ဘရာဇီးကလေးငယ်တွေမှာ မျက်လုံးပိုင်းဆိုင်ရာ အဓိကပြဿနာသုံးမျိုးဖြစ်တဲ့ မျက်ကြည်လွှာထိခိုက်ပျက်စီးခြင်း၊ မျက်ကြည်လွှာအတွင်း သွေးယိုစီးခြင်းနဲ့ မျက်ကြည်လွှာအတွင်း ပုံမှန်မဟုတ်သော သွေးလွှတ်ကြောဖြစ်ပေါ်ခြင်း တို့ဖြစ်ပါတယ်။

အမြင်အာရုံပိုင်းဆိုင်ရာ ပြဿနာတွေတွေ့ရှိမှု နောက်ဆုံးအစီရင်ခံစာကို မေလ ၂၅ ရက်နေ့က အွန်လိုင်းဂျာနယ်ဖြစ်တဲ့ Ophthalmology မှာ ရေးသားဖော်ပြထားခဲ့တာဖြစ်ပါတယ်။

 “ ကျွန်တော်သိသလောက်တော့ မျက်စိပိုင်းဆိုင်ရာ ပြဿနာတွေဟာ အရင်တုန်းကတော့ ဇီကာဗိုင်းရပ်စ်နဲ့ မသက်ဆိုင်ပါဘူး။ ဒါပေမယ့် နောက်ထပ်ထပ်လေ့လာရမှာကတော့ ဇီကာဗိုင်းရပ်စ်နဲ့ ဆက်စပ်ပြီး ဖြစ်ပွားတဲ့ မျက်လုံးပြဿနာတွေကိုဖြစ်ပြီး ကလေးငယ်တွေမှာ ဘယ်လိုစမ်းသပ်စစ်ဆေးမှုတွေ ပိုပြီးပြုလုပ်ရမလဲ ဆိုတာပဲဖြစ်ပါတယ် “ လို့ Stanford, Calif ရှိ Stanford University School of Medicine မှ ပါမောက္ခ Dr. Darius Moshfeghi က ဆိုပါတယ်။

သုတေသီတွေကတော့ ဇီကာဗိုင်းရပ်စ်ကူးစက်ပျံ့ပွားမှု ရှိခဲ့တဲ့ နေရာဒေသအတွင်းရှိ ကလေးငယ်အားလုံး အမြင်အာရုံနဲ့ပတ်သက်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်သင့်တယ်လို့ ဆိုပါတယ်။



( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : UPI



မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ