ဆံပင်မသန်တော့တဲ့ အကြောင်းရင်းခြောက်ခု
တစ်ချို့ကတော့ ဆံပင်မသန်တော့ဘဲ တဖြည်းဖြည်းနဲ့ ဆံသားကျဲပါးလာတာကြောင့် စိတ်ညစ်နေကြပါတယ်။ ဒီလို ဆံသားမသန်စွမ်းတော့တာကတော့ အောက်ကအကြောင်းရင်းတွေကြောင့် ဖြစ်ပါတယ်။ အောက်က အကြောင်းရင်းတွေကို ဖတ်ကြည့်ပြီး ဆံသားသန်စွမ်းစေဖို့အတွက် ဆောင်ရန်ရှောင်ရန်တွေကို သတိထားမိနိုင်ကြပါစေ။
မျိုးရိုးဗီဇ
လူတစ်ဦးချင်းဆီမှာ ဆံပင်ပေါက်တဲ့ ဖြစ်စဉ်တွေ မတူညီတတ်ကြပါဘူး။ လေ့လာကြည့်မယ်ဆိုရင်၂-နှစ်ကနေ၆-နှစ်အတွင်းဆံပင်ရဲ့ အရှည်က တစ်ယောက်နဲ့တစ်ယောက် မတူညီတာကို တွေ့နိုင်ပါတယ်။
အများစုမှာတော့၁-လအတွင်းမှာ ဆံပင်လက်မ၀က်လောက် ရှည်ထွက်လာ တတ်ပါတယ်။ အာဖရိကန်တွေထက် အာရှသားတွေ ကဆံပင်ရှည်တာ နည်းနည်း နှေးတတ်ပါတယ်။
ဆံပင်ကျွတ်ခြင်း
လူတိုင်းဆံပင်ကျွတ်ကြပါတယ်။ ဒါဟာသဘာဝပါပဲ။ ကျွတ်သွားတဲ့ ဆံပင်တွေနေရာမှာ ဆံပင်အသစ်တွေ အစားထိုး ပေါက်လာပါတယ်။ အများစုကတစ်နေ့ကိုဆံပင် ၁၀၀ နီးပါးကျွတ်တတ်ကြပြီး အဲဒီနေရာ ဆံပင်အသစ်တွေအမြန် ဆုံးပြန်ပေါက်လာပါတယ်။ ဆံပင်ရဲ့ပြန်ပေါက်နှုန်းက ကျွတ်တဲ့ နှုန်းထက် နှေးနေရင်တော့ ဆံပင်တွေ ကျဲပါးလာပါတယ်။ ဆံပင် ကျဲပါးလာရတဲ့ အကြောင်းတွေက အများကြီး ရှိပါတယ်။
အသက်အရွယ်နှင့်စိတ်ဖိစီးမှု
အသက်ကြီးလာရင် ဆံပင်တွေက အားနည်းလာပါတယ်။ အနှစ်နှစ်အလလကအပူပေးပြီး ဆံပင်ပြုပြင်တာ၊ ဓာတုပစ္စည်းတွေအသုံးပြုပြီး ဆံပင်ကောက်တာ ၊ဖြောင့်တာတွေ လုပ်တာစတာတွေက ဆံပင်တွေကို ပျက်စီးစေပါတယ်။အသက်ကြီးလာတဲ့အခါဆံပင်ကကျွတ်တာများပြီး ပြန်ပေါက်တာနည်းလာလို့ဆံပင်ကျဲလာပါတယ်။
အသက်၄၅ နှစ်ကျော်လာတဲ့အခါ ဆံပင်ကအဆီထွက်တာ သိသိသာသာနည်းလာပြီးဆံသားတွေ ခြောက်သွေ့ပြီးကြမ်းတမ်းလာပါတယ်။စိတ်ဖိစီးမှုတွေများတာ၊နေထိုင်မကောင်းတာတွေ ဖြစ်ရင်လည်းဆံပင်ကျွတ်တတ်ပါတယ်။စိတ်ခံစားမှုနဲ့ရုပ်ပိုင်းဆိုင်ရာပင်ပန်းမှုတွေက ဆံပင်ကျွတ်တာနဲ့ဆက်စပ်မှုရှိပါတယ်။မျက်နှာနဲ့ ဆံပင်ပေါင်းတင်တာ၊ညင်သာစွာနှိပ်နယ်ပေးတာတွေကဆံသားသန်စွမ်းစေဖို့
အားပေးပါတယ်။
အဖျားနှစ်ခွကွဲခြင်း။
မကြာခဏခေါင်းဖြီးတာ၊ဆံပင်ပုံစံအမျိုးမျိုးပြုပြင်တာ၊ဆံပင်အရောင်ချွတ်တာစတာတွေလုပ်ပါကဆံပင်အဖျား နှစ်ခုကွဲတာဖြစ်နိုင်ခြေများပါတယ်။ဆံပင်ကိုကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်တာ၊နေရောင်ခြည်ထိတွေ့မှုများ တာတွေကဆံသားခြောက်သွေ့ပြီးကြွပ်ဆတ်လာပါတယ်။ဆံပင်အရောင်ချွတ်တာ၊ဓာတုပစ္စည်းအသုံးများတာ
တွေကဆံပင်ရဲ့ကျုံ့နိုင်ဆန့်နိုင်အားလျော့နည်းစေပြီးအစိုဓာတ်ကိုလျော့နည်းစေပါတယ်။ ဆံသားတွေဟာ တစ်လကိုလက်မတစ်ဝက်လောက်ရှည်ထွက်ပါတယ် ။ဒါပေမယ့်ဆံသားအဖျားကနှစ်ခုကွဲပြီး ကျိုးပြတ်တာကြောင့်ဆံပင်က ရှည်ထွက်မလာပါဘူး။ ဆံပင်အဖျားတွေကိုလိမ်တာ ၊ခေါက်တာတွေမလုပ်သင့်ပါဘူး။နေရောင်ခြည်ထိတွေ့မှု
နဲ့အပူပေးပြုပြင်တာတွေရှောင်ပါ။
အပူပေးပြီးဆံပင်ပြုပြင်ခြင်း။
အပူပေးပြီးဆံပင်ပြုပြင်မှုတွေ မကြာခဏလုပ်တာကြောင့်ဆံသားတွေ ပျက်စီးတတ်ပါတယ်။ ဆံပင်ပြုပြင်မှု အများစုဖြစ်တဲ့လေမှုတ်အခြောက်ခံတာ ဆံပင်ဖြောင့်တာ၊အပူချောင်းသုံးပြီးဆံပင်ကောက်တာစတာတွေကို
အပူပေးပြီးလုပ်ဆောင်ရပါတယ်။အပူပြင်းပြင်းပေးတာကဆံသားရဲ့ အပေါ်ယံအလွှာကိုပျက်စီးစေပြီးဆံပင်သန်စွမ်းမှုကိုဟန့်တားထားပါတယ်။ ဆီကြည်သုံးတာကဆံသားအစိုဓာတ်ကိုဖြည့်ပေးပြီးဆံသားရဲ့အပေါ်ယံ အလွှာပျက်စီးမှုကို ကာကွယ်နိုင်ပါတယ်။
အစားအစာ
ဗီတာမင်နဲ့သတ္တုဓာတ်တွေချို့တဲ့ပါကဆံသားသန်စွမ်းမှုမရှိဖြစ်တတ်ပါတယ်။ ဖာရင်တင်၊ဇင့်၊ ဗီတာမင်ဘီ-၁၂၊စတာတွေကဆံပင်သန်စွမ်းပြီး
အရှည်မြန်စေပါတယ်။သံဓာတ်နဲ့ပရိုတင်းကဆံပင်သန်စွမ်းစေပြီး အဖျားနှစ်ခွဖြစ်တာနဲ့ဆံပင်ပျက်စီးတာမဖြစ်အောင်ကာကွယ်ပေးပါတယ်။ ခန္တာကိုယ်မှာဖရင်တင်ချို့တဲ့ပါကဆံပင်ပြန်ပေါက်တဲ့ဖြစ်စဉ်ကို နှေးစေတာကြောင့်ဆံပင်ကျဲပါးလာပါတယ်။သိုင်းရွိုက်ဂလင်းရဲ့ လုပ်ဆောင်မှုနည်းတာ၊များတာ တွေကလည်းဆံပင်ရှည်ထွက်မှုအပေါ်သက်ရောက်မှုရှိပါတယ်။ ဆံသားအတွက်အာဟာရပြည့်ဝစွာစားသုံးပြီး ၊
ဖြည့်စွက်သောက်သုံးချင်တယ်ဆိုရင်တော့ ဘိုင်အိုတင်သောက်ရမှာဖြစ်ပါတယ်။
( Paing A K )
#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com
Ref : For Hair
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin