အရေးအကြောင်းတွေကို ခဏတာ ချောမွေ့ဖျောက်ဖျက်ပေးနိုင်တဲ့ ဒုတိယအရေပြားအသစ်



MIT သုတေသီတွေဟာ နုပျိုချောမွေ့တဲ့ အရေပြားအတွက် အခြေခံအချက်တစ်ခုကို ရှာဖွေတွေ့ထားပါတယ်..အနည်းဆုံးတော့ ခဏတာပျိုမြစ်တဲ့အသားအရေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

ဒုတိယအရေပြား ကို သုတေသီတွေက ဖန်တီးထုတ်လုပ်ထားပြီး ဖြစ်တာကြောင့် အရေအကြောင်းတွေကို ချောမွေ့သွားစေနိုင်ခြင်း၊ ထိခိုက်မှုတွေကနေ အကာအကွယ်ပေးနိုင်ခြင်း သို့ အရေပြားအတွက် ကုသမှုတွေပြုလုပ်ခြင်းတွေမှာ အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။

“ ဒီဟာလေးက မမြင်ရတဲ့ အလွှာတစ်ခုဖြစ်ပြီး ထိခိုက်မှုတွေကို ကာကွယ်နိုင်တဲ့အပြင် အလှကုန်ပစ္စည်းတွေရဲ့ တိုးတက်မှုတစ်ခု ဖြစ်လာမှာပါ။

ပြီးတော့ ကုသမှုခံယူနေရတဲ့ အရေပြားနေရာတွေအတွက်လည်း ဆေးဝါးအကူအညီပေးတဲ့အချိန်မှာ အသုံးပြုကောင်းပြုနိုင်မှာဖြစ်ပါတယ် “ လို့ တက္ကသိုလ်သတင်းစာမှာ MITရဲ့ ဓါတုဗေဒအင်ဂျင်နီယာဌာနက တွဲဖက်ပါမေ  Daniel Anderson က ထုတ်ဖော်ရေးသားထားပါတယ်။

 “ ဒီအရာတွေက လူသားတွေအတွက် တကယ်အသုံးဝင်လာမယ့် ပစ္စည်းတွေ ဖြစ်ပါတယ် “ လို့ Anderson က ဆက်လက်ရေးသားထားပါတယ်။

လူတွေဟာ အသက်ကြီးလာတာနဲ့အမျှ သူတို့ရဲ့အရေပြားဟာ ဆန့်နိုင်ကျုံ့နိုင်မှု နည်းပါလာပြီး တင်းရင်းမှုမရှိတော့ပါဘူး။ နေရောင်ကြောင့်ဖြစ်တဲ့ ထိခိုက်မှုတွေထက် အိုမင်းရင့်ရော်မှုက ပိုပြီးဆိုးပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကတည်းက သုတေသနအဖွဲ့ဟာ အရေပြားကို နုပျိုတဲ့အသွင်အပြင်ကို ထိန်းသိမ်းထားနိုင်ပြီး ထိခိုက်ပျက်စီးမှုတွေကို ကာကွယ်ပေးနိင်ဖို့အတွက် အပေါ်ယံအလွှာတစ်ခုကို ထုတ်လုပ်ဖန်တီးနိုင်ဖို့ ကြိုးစားခဲ့ကြတာဖြစ်ပါတယ်။



( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : UPI


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ