ဘီယာသောက်ခြင်းဟာ ခန္ဓာကိုယ်အလေးချိန်လျော့ကျစေ



လေ့လာမှု အသစ်တစ်ခု အရ ဘီယာ သောက်ခြင်း ဟာ သင့်ကို ကိုယ်အလေးချိန် လျော့ကျစေသလို ကိုလက်စထရော ပမာဏ ကိုလည်း လျော့ကျစေတယ်လို့ သိရပါတယ်။

Oregon ပြည်နယ် တက္ကသိုလ် မှာရှိတဲ့ သုတေသီတွေဟာ ဘီယာမှာ ပါဝင်တဲ့ Xanthohumol ဆိုတဲ့ သဘာဝ ထွက် ပါဝင် ပစ္စည်း တစ်မျိုးကို ကြွက် တွေနဲ့ စမ်းသပ် တိုက်ကျွေးကြည့်ခဲ့ပါတယ်။ ကြွက် တစ်ကောင်ချင်းဆီကို ခန္ဓာကိုယ်ရဲ့  ကီလိုဂရမ် တစ်ခုချင်းဆီနဲ့ Xanthohumol ၃၀ မှ ၆၀ မီလီဂရမ် အထိ ၃ လခန့် တိုက်ကျွေးခဲ့တာပဲ ဖြစ်ပါတယ်။

ရလဒ် အနေနဲ့ကတော့ Xanthohumol အများဆုံး တိုက်ကျွေးခံခဲ့ရတဲ့ ကြွက်တွေမှာ သိပ်သည်းမှုနည်းပါးတဲ့ လီပိုပရိုတင်း  ကိုလက်စထရောတွေ ၈၀ ရာခိုင်နှုန်းခန့်အထိ လျော့ကျသွားခဲ့ပါတယ်။ ဒါ့အပြင် ထိုကြွက်တွေရဲ့  အင်ဆူလင် ပမာဏလည်း ၄၂ ရာခိုင်နှုန်းအထိ လျော့နည်းသွားပြီး Xanthohumol မတိုက်ကျွေးထားတဲ့ ကြွက်တွေ နဲ့ နှိုင်းယှဉ်တဲ့အခါမှာတော့ ၂၂ ရာခိုင်နှုန်းအထိ ကိုယ်အလေးချိန် လျော့ကျသွားတာကိုလည်း တွေ့ခဲ့ရပါတယ်။

ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာက Xanthohumol ဟာ ကင်ဆာ ရောဂါ ကိုပါ တိုက်ဖျက်နိုင်စွမ်းရှိနေတာပါပဲ။ ဒီရှာဖွေတွေ့ရှိချက်တွေကို အခြေခံပြီး သုတေသီတွေဟာ လူသားတွေအတွက် Xanthohumol ကို အသုံးပြုပြီး ဘီယာ မဟုတ်တဲ့ စားသောက်ကုန် တစ်ခုကို ဖန်တီးထုတ်လုပ်ဖို့လည်း ကြိုးစားနေကြပါပြီ။

( Mario )


#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Elitedaily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ