Six-Pack ထွက်ဖို့အတွက် လေ့ကျင့်နေသူများ စားသုံးသင့်တဲ့အစားအစာများ





နေ့တိုင်း လေ့ကျင့်ခန်း လုပ်နေရင်တောင်မှ လိုအပ်တဲ့ အဟာရဓါတ်တွေ ရရှိဖို့အတွက် သင့်တော်တဲ့ အစားအစာတွေ စားသုံးပေးဖို့လိုပါတယ်။

ကြွက်သားတွေအတွက် အားဖြစ်စေပြီး ခက်ခဲတဲ့လေ့ကျင့်မှုတွေ ပြုလုပ်နေချိန်အတွက် မှန်ကန်သင့်လျော်တဲ့ အစားအသောက်တွေကသာ အထောက်အကူဖြစ်စေပြီး ၀မ်းဗိုက်အဆီတွေကိုလည်း အမြန်ဆုံးလောင်ကျွမ်းစေဖို့ အကူအညီဖြစ်စေမှာပါ။


ဒိန်ချဉ်

ကြွက်သားတွေ သန်မာထွားကြိုင်းစေဖို ၂၃ဂရမ် ပမာဏ ပရိုတိန်းဓါတ်လိုအပ်တာကြောင့် ဒိန်ချဉ်ဟာ အသင့်တော်ဆုံး အစားအစာဖြစ်ပါတယ်။ ကယ်လ်စီယမ်နဲ့ ပရိုတိန်းဓါတ်တွေအပြည့်အ၀ ပါဝင်တာကြောင့် ကြွက်သားနဲ့ ကိုယ်တွင်းကလီစာတွေအတွက် အကောင်းဆုံးစားစရာဖြစ်ပြီး ၀မ်းဗိုက်သားအဆီလုံးဝ မတက်စေတဲ့ အစားအစာဖြစ်ပါတယ်။



ကညွတ်

အစိမ်းရောင် ကညွတ်ရှည်ရှည်လေးတွေမှာ ဖိုက်ဘာလို့ခေါ်တဲ့ အမျှင်ဓါတ်ပြည့်ဝစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ်အကျိုးပြု ဘက်တီးရီးယားတွေကို အကူအညီပေးနိုင်တဲ့အတွက် အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။ ဒါ့အပြင် ကြွက်သားတွေကိုသန်မာစေပြီး ကိုယ်အလေးချိန်တက်ခြင်းကိုလည်း အကာအကွယ်ပေးနိုင်ပါတယ်။


လက်ဖက်ရည်ကြမ်း

လက်ဖက်ရည်ကြမ်းမှာ ကဖိန်းဓါတ်နဲ့ ဓါတ်တိုးပစ္စည်းတွေ ပါဝင်တာကြောင့် ၀မ်းဗိုက်က အဆီပိုတွေကို လျှော့ချပေးနိုင်ပြီး လေ့ကျင့်ခန်းပြုလုပ်နေစဉ်အတွင်းမှာ သောက်သုံးမယ်ဆိုရင် ထိထိရောက်ရောက်ရှိမှာဖြစ်ပါတယ်။


( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Womenshealth



မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ