တက်တူးထိုးထားသူတွေဟာ အဖြစ်များတဲ့ ကူးစက်ရောဂါတွေကို ပိုမိုခံနိုင်ရည်ရှိကြ


လေ့လာမှုအသစ်တစ်ခုရဲ့ အဆိုအရတော့ တက်တူးထိုးထားတဲ့သူတွေဟာ ရောဂါတွေကို ပိုမိုခံနိုင်ရည်ရှိကြပြီး တက်တူးများလေလေ ကူးစက်ရောဂါတွေကို ခံနိုင်ရည်က ပိုရှိလာလေလေဖြစ်နေတယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံသားတွေရဲ့ ၁၄ ရာခိုင်နှုန်းဟာဆိုရင်တော့ တက်တူးကိုယ်စီရှိကြပြီး ဒေါ်လာ ၁.၆၅ ဘီလျံလောက်ကို သူတို့ရဲ့ ခန္ဒာကိုယ်ဆေးရေးပန်းချီအတွက် အကုန်အကျခံ အသုံးပြုနေကြတယ်လို့ သိရပါတယ်။

လေ့လာသူတွေဟာ တက်တူးထိုးထားသူတွေရဲ့ တံတွေးနမူနာကို စစ်ဆေးခဲ့ကြပြီး တံတွေးတွင်း အင်မူဂလိုဗျူလင် A ဓာတ်ပါဝင်မှုကို လေ့လာခဲ့ပါတယ်။ ဒီဓာတ်ဟာဆိုရင်တော့ အဖြစ်များတဲ့ ကူးစက်ရောဂါတွေနဲ့ စိတ်ဖိအားကိုဖြစ်စေနိုင်တဲ့ ဟော်မုန်းတွေကို လျော့ကျစေပါတယ်။

တက်တူးထိုးနေစဉ် နာကျင်မှုကိုခံစားရတဲ့အခါမှာည ဒီရဲ့ အင်မူဂလိုဗျူလင် A ဓာတ်ဟာ ပိုမိုထွက်ရှိလာပြီး သည်းခံနိုင်စွမ်းနဲ့ တစ်ခြားကူးစက်ရောဂါ ကာကွယ်နိုင်စွမ်းတွေကလည်း ပိုပြီး မြင့်တက်လာခဲ့ပါတယ်။

“သင်တက်တူးထိုးပြီးစအခါမှာ နာကျင်နေပြီး ကိုယ်ခံစွမ်းအားတွေလည်း ကုန်ဆုံးနေပါလိမ့်မယ်။ ဒီအချိန်မှာတော့ အဖျားရဖို့လွယ်ကူတယ်ဗျ။ ဒါပေမယ့်လည်း သင့်အနေနဲ့ ပြန်သက်သာသွားရင် ခန္ဒာကိုယ်က မျှခြေ ပြန်ဖြစ်သွားလိမ့်မယ်။ ဒီလိုမျှခြေမှာ ကိုယ်ခံစွမ်းအားက ပိုတိုးတက်လာတယ်။ သင်တက်တူးထိုးလေ ၊ ထိုးလေ  ကိုယ်ခံအားကလည်း ပိုကောင်းလာလေဖြစ်ပြီး ဒါက သင့်ကို အကျိုးပြုစေလိမ့်မယ်” လို့ ဦးဆောင်လေ့လာခဲ့သူ Dr.Lynn က ပြောပါတယ်။

ဒီလိုဖြစ်စဉ်ဟာ နာကျင်မှုကို သည်းခံနိုင်တဲ့ ဖိအားပေးဟော်မုန်းတွေနဲ့ ဆက်စပ်နေပြီး ခန္ဒာကိုယ်အပြင်ပိုင်း ခံနိုင်ရည်က တစ်ဖြည်းဖြည်းနဲ့ ပိုပြီးတိုးတက်လာတာလည်း ဖြစ်ပါတယ်။

( Paing A K )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : MNT

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ