ဗော့ကာပုလင်း လည်ပင်းချိတ်ထားရာကနေ မီးလောင်သွားသော ဆယ်ကျော်သက်တစ်ဦး



ဆယ်ကျော်သက် လူငယ်လေးတစ်ယောက်ဟာ ဗော့ကာ တစ်ပုလင်းလည်ပင်းချိတ်ထားရာကနေ မီးလောင်သွားတဲ့အတွက် ဆေးရုံမှာ သတိလစ်မေ့မျောနေခဲ့ရပါတယ်။ ကံကောင်းထောက်မစွာပဲ ခုတော့ သူအသက်ရှင်ခွင့်ရခဲ့ပါပြီ။

အသက် ၂၃နှစ်ရှိ Scott McLellan ဟာ သူ့ရဲ့ အသက် ၁၈နှစ် မွေးနေ့မှာ သူငယ်ချင်းတွေနဲ့အတူ ဘီယာဗူးတွေသောက်ပြီးနောက် ဟော်တယ်ဘားတစ်ခုကနေ ဗော့ကာတစ်ပုလင်းကိုဝယ်လာကာ လည်ပင်းချိတ်ပြီး ပြန်လာခဲ့ပါတယ်။ သူငယ်ချင်းတွေနဲ့လမ်းခွဲပြီးနောက် ဘူတာရုံမှာ အမေလာကြိုမှာကို သွားစောင့်နေချိန်မှာ ရထားသံလမ်းပေါ်ပြုတ်ကျခဲ့ပြီး သူဟာ ၂၅၀၀ဗို့ လျှပ်စစ်အားနဲ့ ထိခတ်ခဲ့ပါတယ်။ အဲ့ဒီ့မှာ လည်ပင်းချိတ်ထားတဲ့ ဗော့ကာပုလင်းက မီးထတောက်ရာကနေ သူ့ကို မီးလောင်သွားခဲ့တာဖြစ်ပါတယ်။

သူ့ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ၂၇ရာခိုင်နှုန်းဟာ လောင်ကျွမ်းသွားခဲ့ပြီး ဒဏ်ရာအပြင်းအထန်ရကာ ၂ရက်လောက် ဆေးရုံပေါ်မှာ သတိလစ်နေခဲ့ပါတယ်။ ဒါပေမဲ့ ဆရာဝန်တွေက သူ့ကို ကယ်တင်လိုက်နိုင်ပါတယ်။

သူဟာ ကံကောင်းလို့မသေရာကနေ အသက်ရှင်လာတဲ့အတွက် ကျန်တဲ့သူတွေ သူ့လိုမျိုး မတော်တဆမှုမျိုးမဖြစ်ရအောင် သတိထားရစေဖို့အတွက် သူ့အဖြစ်ကို ဝေငှခဲ့တာဖြစ်ကြောင်း သိရပါတယ်။

( Skyler )

#သစ်ထူးလွင်(ကျန်းမာရေး)

#health.thithtoolwin.com

Ref: Daily Mail

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ