KFC ကကျန်းမာရေးနှင့်ပိုညီညွတ်ကြောင်းလေ့လာတွေ့ရှိ


KFC ရဲ့အစားအစာတွေဟာကျန်းမာရေးနဲ့ ပိုမိုညီညွတ်တယ်လို့ လေ့လာချက်အသစ်တစ်ခုအရသိရပါတယ်။ ဗြိတိန်နာမည်ကြီးရုပ်သံ Channel 4 က ပြုလုပ်ခဲ့တဲ့ Documentry တစ်ခုက နာမည်ကြီးစားသောက်ဆိုင် Nando ကအစားအစာတွေကို KFC ကအစားအစာတွေနဲ့ နှိုင်းယှဉ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါထုတ်လွှင့်ချက်အရ Nando ရဲ့ အစားအသောက်တွေဟာ KFC ထက် ကယ်လိုရီနဲ့ သကြားပမာဏတွေ ပိုများတယ်လို့ဆိုပါတယ်။ Nando နဲ့ KFC တို့ဟာ သူတို့ရဲ့ကုန်ကြမ်းနဲ့ ကြက်သားတွေကို တူညီတဲ့ Supplier ဆီကနေရတာဖြစ်ပေမယ့် Nando ကဈေးအနည်းငယ်ပိုကြီးတာကိုလည်းတွေ့ရပါတယ်။

အဆိုပါထုတ်လွှင့်မှုမှာ တင်ဆက်သူ Amanda Ursell က KFC ရဲ့ ပေါင်မုန့်အသားလိပ် (Toasted Twister wrap) နဲ့ Nando ရဲ့ (Chicken wrap) တို့ကို နှိုင်းယှဉ်ခဲ့တာဖြစ်ပါတယ်။ သူမက KFC အသားလိပ်မှာ
ကယ်လိုရီ ၄၈၀နဲ့ သကြား ၄.၇ ဂရမ်ပါဝင်ပြီး၊ Nando ရဲ့အသားလိပ်မှာတော့ ၅၉၄ကယ်လိုရီနဲ့ KFC မှာပါဝင်တဲ့ သကြားပမာဏထက်သုံးဆများတဲ့ ၁၆.၂ဂရမ်ရှိတဲ့ သကြားတွေကိုတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

Nando Chicken Wrap
Nando ရဲ့အသားလိပ်ဟာ ဆားပမာဏအနည်းငယ်သာတွေ့ခဲ့ရပြီး အာလူးChips ချင်းနှိုင်းယှဉ်ကြည့်ရင်တော့ Nando ကပိုမို ကောင်းမွန်တဲ့ အဆီတွေကိုတွေ့ခဲ့ရပါတယ်။ Nando အာလူးကြော်တစ်ပွဲမှာ ၅၄၆
ကယ်လိုရီပါဝင်ပြီး၊ KFC အာလူးကြော်တစ်ပွဲမှာတော့ ၃၁၀ကယ်လိုရီ တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ ဈေးနှုန်းချင်းကွာခြားတာတွေ့ခဲ့ရပေမယ့် ဆိုင်နှစ်ခုစလုံးရဲ့ ကြက်သားတွေဟာ Moy Park ဆိုတဲ့တူညီတဲ့ ထောက်ပံ့ပေးသူဆီကနေလာတာဖြစ်ပါတယ်။


(Blue Lion)

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref: Mirror

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ