အစာအိမ်အတွင်းက အညစ်အကြေးတွေကို အေးခဲ-ခြောက်သွေ့စေနိုင်မယ့် ဆေးဝါး ထွက်ပေါ်လာ




သင့်ရဲ့  အစာအိမ်နဲ့ အူလမ်းကြောင်းအတွင်းမှာရှိတဲ့ ဘက်တီးရီးယားတွေဟာ ဂတ်စ်တွေထက်ပိုပြီး သင့်ဘ၀ အတွက် သက်ရောက်မှုတွေရှိနေပါတယ်။ အစာချေဖျက်တဲ့ အဏုဇီဝ ပိုးမွှားတွေ ပြောင်းလဲခြင်းဟာ အ၀လွန်ရောဂါနဲ့ ပတ်သက်ဆက်နွယ်မှု ရှိနေပြီး ဘက်တီးရီးယား အချို့ ဟာလည်း ခန္ဓာကိုယ်ကို အဆီတွေ သိုလှောင်ဖို့ လှုံ့ဆော်ပေးနေတယ်လို့ သိရပါတယ်။

အညစ်အကြေးတွေကို အစားထိုးလိုက်ခြင်းဟာတော့ ဆေးဝါးမှီဝဲမှု နဲ့ ဘက်တီးရီယားကူးစက်ခြင်း တို့က ဖြစ်ပေါ်လာတဲ့ ဘက်တီးရီးယား အရေအတွက် ကို မျှတစေပြီး အညစ်အကြေး အစားထိုးခြင်းဟာ အစာချေဖျက်မှုစနစ်ရဲ့  အ၀လွန်စေမှုကိုလည်း ဟန်ချက်ညီမျှ သွားစေနိုင်ပါတယ်။

သိပ္ပံပညာရှင်တွေဟာ ထို ကိစ္စရပ်နဲ့ ပတ်သက်ပြီး ကြွက်တွေမှာ စမ်းသပ် စစ်ဆေးခဲ့ဖူးပေမယ့် ဒီနှစ်မှာတော့ လူသားတွေမှာ စမ်းသပ်ခဲ့ပြန်ပါတယ်။ မန်ဆာချုးဆက်ပြည်နယ် အထွေထွေဆေးရုံက ဆရာဝန်တွေဟာ ကိုယ်တွင်းက မစွန့်ထုတ်ရသေးတဲ့ မစင်တွေကို အေးခဲ-ခြောက်သွေ့စေနိုင်တဲ့ ဆေးလုံးတွေဟာ အ၀လွန်ရောဂါရှိသူတွေရဲ့  ကိုယ်အလေးချိန်အပေါ် ဘယ်လောက်ထိ သက်ရောက်မှု ရှိနိုင်တယ်ဆိုတာကို စမ်းသပ်ဖို့ စီစဉ်နေကြပါပြီ။

လူနာတွေဟာ ထိုဆေးဝါးတွေကို လအနည်းငယ်အတွင်း ၆ ပတ်ဆေးညွှန်းနဲ့သောက်သုံးပြီး သုတေသီတွေကတော့ ၁ နှစ်အတွင်း သူတို့ရဲ့  ကိုယ်အလေးချိန်တွေကို စောင့်ကြည့်သွားမှာဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေဟာ အဏုဇီဝ ဘက်တီးရီးယားတွေ ကျွန်ုပ်တို့ရဲ့ ကျန်းမာရေးမှာ ဘယ်လို ပါဝင်ပတ်သက်နေတယ်ဆိုတာကို နားလည်နိုင်ဖို့ စတင်ကြိုးစားလာတာပဲဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Mentalfloss

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ