လိင်အင်္ဂါ နဲ့ သားမြတ်ထိပ်တို့ နက်မှောင်နေခြင်းဟာ ဆီးချိုသွေးချိုရောဂါ ရဲ့ လက္ခဏာ ဖြစ်




သင့်ရဲ့  လိင်အင်္ဂါဟာ အခြား သင့် ခန္ဓာကိုယ် အစိတ်အပိုင်းတွေထက် ပိုမို နက်မှောင်နေတာကို ထူးဆန်းနေပါသလား?

လူမျိုးရေးတွေခဏမေ့ထားပြီးပြောရမယ်ဆိုရင် လူတစ်ယောက် မှာ အမျိုးသား လိင်အင်္ဂါ ၊ နို့သီးခေါင်း  ၊ အမျိုးသမီး သားမြတ်ထိပ် အညိုကွက်တွေနဲ့ မိန်းမအင်္ဂါဇာတ်တို့ဟာ အခြားအရေပြားတွေထက် သဘာဝအတိုင်းပင် ၂ ဆ ခန့်ကိုမို ညိုမဲ နက်မှောင်နေတတ်ပါတယ်။ အဲဒီလို နက်မှောင်လာမှုဟာလည်း အရွယ်ရောက်ချိန်မှာ ဖြစ်လာတာ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုထားပါတယ်။

လူတွေရဲ့ ခန္ဓာကိုယ်ဟာ အရွယ်ရောက်လာတဲ့အခါ ဆံပင်နဲ့ အရေပြားအရောင် တို့ကို ဖြစ်ပေါ်စေတဲ့ Melanin ဆိုတဲ့ အမိုင်နို အက်ဆစ်တစ်မျိုးကို ထုတ်လုပ်စေတာနဲ့အတူ လိင်စိတ်ဖြစ်ပေါ်စေတဲ့ ဟော်မုန်းတွေကိုလည်း ထုတ်လုပ်လိုက်ပါတယ်။ အဲဒီလို ထုတ်လုပ်ခြင်းရဲ့  ရလဒ်ဟာ အမျိုးသားတွေမှာဆိုရင် လိင်အင်္ဂါနဲ့ နို့သီးခေါင်း ၊ အမျိုးသမီးတွေမှာဆိုရင် သားမြတ်ထိပ် အညိုကွက်နဲ့ အင်္ဂါဇာတ်တို့မှာ ညိုမဲ နက်မှောင်လာကြပါတယ်။

ဒီရလဒ်ဟာ သဘာဝ အတိုင်းဖြစ်ပေါ်လာတာလို့ ဆိုပေမယ့်လည်း ကျွမ်းကျင်သူတွေ သတိပေးထားတာကတော့ အရွယ်ရောက်တဲ့အချိန် ထိုနေရာတွေမှာ သာမန်ထက် ညိုမည်းနက်မှောင်နေခြင်းဟာ ဆီးချိုသွေးချို ရောဂါ ရဲ့  လက္ခဏာ တစ်ရပ်သာ ဖြစ်တယ်ဆိုတာပါပဲ။

"သင် သကြားဓါတ်မှီဝဲမှု များလာတဲ့အခါ သင့်ခန္ဓာကိုယ်ရဲ့  သတ်မှတ်နေရာတွေမှာ အရေပြားအရောင်ဟာ ပိုမိုနက်မှောင် ညိုမည်း လာပါတယ်။ အဲဒါဟာ သင် ဆီးချိုသွေးချို ရောဂါ ဖြစ်နေပြီလို့ ဆိုလိုတာဖြစ်ပါတယ်" လို့ နယူးယော့ခ်မြို့ မှာရှိတဲ့ ကိုလံဘီယာ တက္ကသိုလ် ဆေးပညာ စင်တာ က ဆရာဝန်တစ်ဦးဖြစ်သူ Dr Lindsey Bordone က ဆိုပါတယ်။

"မိန်းကလေးတွေငယ်စဉ်အခါက သူတို့ရဲ့  သားမြတ်ထိပ်ခေါင်းတွေဟာ မှိန်ဖျော့ပြီး တောက်ပတဲ့ အသားအရေမျိုးရှိကြပေမယ့် သူတို့လေးတွေ အသက်ကြီးလာတဲ့အခါ ဟော်မုန်းတွေဟာ သားမြတ်ထိပ်ခေါင်းတွေကို နက်မှောင်လာစေပါတယ်။ ဒါဟာ ယောကျာင်္းလေးတွေအားလုံးမှာ လည်းတူညီတဲ့ သက်ရောက်မှု ဖြစ်စေပါတယ်။" လို့ Dr Lindsey Bordone က ဆိုပါတယ်။

အရွယ်ရောက်လာတဲ့အခါ အမျိုးသမီးတွေဟာ Estrogen ဆိုတဲ့ ဟော်မုန်းတစ်မျိုး များပြားလာသလို အမျိုးသားတွေမှာက Testosterone လို့ခေါ်တဲ့ ဟော်မုန်း တစ်မျိုး များပြားလာပါတယ်။ အဲဒီဟော်မုန်းတွေဟာ Melanin ကို ထုတ်လုပ်ပေးတဲ့ Melanocytes ဆိုတဲ့ အရေပြားဆဲလ် တွေကို ပုံမှန်ဖြစ်ပေါ်လာစေပါတယ်။ ထို အရေပြားဆဲလ်တွေများစွာ တည်ရှိတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေဟာ ပိုမိုနက်မှောင် ညိုမည်းလာတာပဲ ဖြစ်ပါတယ်။

အထူးသဖြင့် အမျိုးသမီးတွေမှာဆိုရင် ဟော်မုန်းတွေဟာ အရေပြားအပေါ် သက်ရောက်လာမှု ပိုများပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ် (သို့) ကိုယ်ဝန်ဆောင်အားဆေးတွေသောက်နေရချိန်မှာ အမျိုးသမီးတွေရဲ့  Estrogen ဟော်မုန်းထုတ်လုပ်မှု ပမာဏ ပိုများပါတယ်။ အဲဒီလို ဟော်မုန်းထုတ်လုပ်မှု များနေခြင်းဟာ ထိုအမျိုးသမီး ရဲ့  မျက်နှာ အရေပြားမှာပါ သက်ရောက်မှု တွေရှိလာစေနိုင်ပါတယ်။

ဒီလို ဖြစ်တာ သဘာဝ အတိုင်းဖြစ်တာလို့ဆိုပေမယ့်လည်း သာမန်ထက်ပိုတဲ့ နက်မှောင်ညိုမည်းမှုတွေဟာ ဆီးချိုသွေးချိုရောဂါ နဲ့ ဆက်စပ်နေတယ်ဆိုတာ သတိပြုဖို့တော့ လိုပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ