အမြင်အာရုံဆိုင်ရာ ဝေဒနာ ဖြစ်ပေါ်နိုင်ခြေ မြင့်မားတဲ့ Eye liner အတွင်းထဲထိ လိမ်းနည်း




မျက်လုံးမျက်ခုံးခြယ်သတဲ့  အမျိုးသမီးတွေအနေနဲ့ Eye liner ကို မျက်လုံးအတွင်းထဲအထိရောက်အောင်  ခြယ်သမိရင်တော့ မျက်လုံးထဲ ပိုးဝင်ခြင်း၊ မျက်စိနာခြင်း၊ အမြင်အာရုံေ၀၀ါးခြင်း လိုမျိုး အမြင်အာရုံဆိုင်ရာ ဝေဒနာ အမြောက်အများကို ခံစားရနိုင်တယ်လို့ ကနေဒါနိုင်ငံ သုတေသီတွေက သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

ကနေဒါနိုင်ငံ၊ ၀ါတာလူးတက္ကသိုလ်က  မျက်ကပ်မှန်အန္တရာယ်ဆိုင်ရာ သုတေသီများအဖွဲ့က လေ့လာတွေ့ ရှိခဲ့တာကတော့ Eye liner ဆွဲပြီးတဲ့နောက်မှာ ဖြစ်ပေါ်လာတဲ့ အမှုန်တွေဟာ နောက်ထပ် ၂ နာရီအတွင်းမှာ မျက်ကြည်လွှာကို ယားယံနာကျင်စေပြီးတော့  မျက်လုံးကို ပွတ်မိရင်တော့  မျက်ကြည်လွှာ စုတ်ပြဲသွားနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပြင်ပအမှုန်တွေကို ကာကွယ်ပေးတဲ့ မျက်ကြည်ရည်ကိုလည်း ခမ်းခြောက်သွားစေနိုင်ပြီး အလွန်အန္တရာယ်ရှိတယ်လို့ သိရပါတယ်။ အထူးသဖြင့်တော့ မျက် ကပ် မှန်တပ်သူမမများဟာ Eye liner ကို မျက်ခွံအတွင်းထဲထိ ချယ်မိရင်တော့ မျက်စိစုံလုံးကန်းနိုင်တယ်လို့ သုတေသီတစ်ယောက်က ရှင်းပြထားပါတယ်။


သုတေသီတွေဟာ ခဲတံ Eye liner တွေကို မျက်ခွံအတွင်းသားအထိ လိမ်းကျံခြယ်သလေ့ရှိတဲ့ ပျိုမေတွေကို  စောင့်ကြည့်လေ့လာခဲ့ရာမှာတော့ Eye liner က အမှုန်တွေဟာ ၂ နာရီအတွင်း မျက်ကြည်လွှာတစ်ခုလုံးကို ယားယံ စေတာကို တွေ့ ရှိခဲ့ရပြီး အကျိုးဆက်အနေနဲ့ အမျိုးသမီးငယ်များမှာ မျက်ကြည်လွှာခမ်းခြောက်ခြင်း၊ စုတ်ပြဲခြင်း စတဲ့ မျက်လုံးဝေဒနာတွေကို ခံစားရနိုင်တာတွေကို တွေ့ရှိခဲ့ကြပါတယ်။

 " Eye liner  ကို မျက်ခွံအတွင်းထဲအထိလိမ်းပြီး ၅ မိနစ်အတွင်းမှာတင် ပြင်ပအမှုန် ၃၀ ရာခိုင်နှုန်းလောက်က မျက် ကြည်လွှာကို စတင်ထိခိုက်ပါတယ်။ အဲဒီကနေ မျက်လုံးတစ်ခုလုံးကိုပျံ့နှံ့ သွားတယ်။ ဒီ Eye liner တွေ ထဲမှာ ဖယောင်း၊ ဆီ၊ ဆီလီကွန်၊ ကော် စတဲ့ ဓါတုပစ္စည်းမျိုးစုံ ပါပါတယ်။ တကယ်တော့ အိုင်းလိုင်နာ ဆို တာ အပြင်ပိုင်းအတွက်ပဲ ဖြစ်ပါတယ်။ အဲဒါကို လှချင်ဇောနဲ့အတွင်းထဲထိ လိမ်းလိုက်မယ်ဆိုရင်တော့ အချိန်တို အတွင်း အစားထိုးမရနိုင်တဲ့ မျက်လုံးဆုံးရှုံးမှုတွေကို ခံစားရနိုင်ပါတယ် " လို့  သုတေသီတစ်ယောက်က ပြောပါတယ်။



(Paing A K)

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ