ကာမရသကို ပိုစေပြီး ပေါက်ပြဲက HIV ပိုးကိုသတ်ပေးမယ့် ကွန်ဒုံးသစ်



ဟိုက်ဒရိုဂျယ်နဲ့ ပြုလုပ်ထားတဲ့ ကွန်ဒုံးသစ်တစ်မျိုးဟာ  HIV ကို တစ်ကမ္ဘာလုံးဆိုင်ရာတိုက်ခိုက်ပေးပြီး ကူညီပေးနိုင်လိမ့်မယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ယုံကြည်ထားကြပါတယ်။

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ကောင်းမွန်ပြီး လူတိုင်းလည်း သုံးချင်ပါစေဆိုတဲ့ ရည်ရွယ်ချက်ထားရှိပြီး တက္ကဆက် ပြည်နယ်မှ သိပ္ပံပညာရှင်များအဖွဲ့ဟာ ကွန်ဒုံးသစ် တစ်မျိုးကို တီထွင်ခဲ့ပါတယ်။

ဒီကွန်ဒုံးဟာ ရာဘာစေးနဲ့ လုပ်ထားတဲ့ ဒီဇိုင်းမဟုတ်ပါဘူး။ ရာဘာစေးအစား ဟိုက်ဒရိုဂျယ်လို့ခေါ်တဲ့ ကျုံ့နိုင် ဆန်နိုင်အား အတော်ကောင်းတဲ့ ပေါ်လီမာကို သုံးထားပါတယ်။ ဒီဂျယ်ကို ရေနဲ့အဓိက ပြုလုပ်ထားပြီး မျက်ကပ်မှန်နဲ့ တခြား ဆေးဘက်ဆိုင်ရာ အသုံးတွေမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုကြပြီး ဖြစ်ပါတယ်။

"တချို့လူတွေက ရာဘာစေးနဲ့ ဓာတ်မတည့်ကြဘူး။ တခြားသူတွေကလည်း ကွန်ဒုံးကို သုံးရတာ မကြိုက်ကြဘူး။ ဒါကြောင့် တော်ဝင် အမျိုးအစား ကွန်ဒုံးတစ်ခုကို ကျွန်တော်တို့ တီထွင်ချင်ခဲ့ကြတာ။"  လို့ တက္ကဆက် A&M ကျန်းမာရေးသိပ္ပံဌာန Irma Lerma Rangel ဆေးဝါးတက္ကသိုလ် တွဲဖက်ပါမောက္ခ ဒေါက်တာ Mahua Choudhury ကပြောပြခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က HIV ရောဂါရှိသူ ၃၆.၉ မီလီယံရှိခဲ့ပြီး အသစ်ကူးစက်သူ ၂ မီလီယံရှိပါတယ်။ ဒီလိုကူးစက်မှုတွေကို ဒီ ဟိုက်ဒရိုဂျယ်ကွန်ဒုံးက တားဆီးပေးနိုင်မယ်လို့ သိရပါတယ်။

( Skyler )

#သစ်ထူးလွင်(ကျန်းမာရေး)

#health.thithtoolwin.com

Ref: Daily Mail

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ