ကျန်းမာတဲ့ကလေးမွေးနိုင်ဖို့ ဝိတ်ချနေတဲ့ ပေါင် ၈၇၀ ကိုယ်အလေးချိန်ရှိ တရုတ်စုံတွဲ




လူငယ်စုံတွဲတစ်တွဲဟာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ကနေ တရတ်နိုင်ငံ အရှေ့မြောက်ပိုင်း ယီလင်ကို ကိုယ်အလေးချိန်ချ ကုသမှုအတွက်  မိုင် ၁၇၀၀ကျော် ခရီးထွက်ခဲ့ကြပါတယ်။

ဒီစုံတွဲနှစ်ယောက်ပေါင်း ကိုယ်အလေးချိန်ဟာ ပေါင် ၈၇၀ဖြစ်ပြီး သူတို့ကိုယ်အလေးချိန် လျော့ခြင်းဖြင့် ကျန်းမာတဲ့ ကလေးကို မွေးနိုင်ဖို့ကို မျှော်လင့်ထားကြကြောင်း လူထုနေ့စဉ် အွန်လိုင်းကနေ သတင်းထုတ်ပြန်ခဲ့ပါတယ်။

သူတို့ဟာ ယီလင်၊ ချောင်ချွန် ဆေးရုံမှာ ကုသမှု ခံယူလျှက်ရှိပါတယ်။ Lin Yue နဲ့ သူ့ဇနီး Den Yang တို့ဟာ အသက် ၃၀နားနီးပါပြီ။ သူတို့ရဲ့ ကိုယ်အလေးချိန်ဟာ အချိန်အကြာကြီး ပြဿနာ တစ်ခု ဖြစ်နေခဲ့ရပါတယ်။ ခုတော့ သူတို့ရဲ့ ကိုယ်အလေးချိန်တွေကို ချဖို့ အချိန်တန်ပြီလို့ သူတို့ဆုံးဖြတ်ချက် ချခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ သာမန်ကိုယ်အလေးချိန်က အမျိုးသားတစ်ယောက်အတွက် ပေါင် ၁၅၀ ဖြစ်ပြီး အမျိုးသမီးတစ်ယောက်အတွက် ၁၂၆ပေါင် ဖြစ်တဲ့အတွက် သူတို့နှစ်ယောက်ဟာ ၃ဆနီးပါး များနေတာပါ။

သူတို့ဟာ အတင်းအဖျင်းပြောခံရမှာဆိုးတဲ့အတွက် အိမ်မှာပဲ တတ်နိုင်သလောက်နေကြပြီး အစားအစာတွေကို မှာစားကာ အဝတ်အထည်အတွက်ဆိုရင်လည်း အွန်လိုင်းကပဲ ဝယ်ခဲ့ဖြစ်ပါတယ်။

ခုတော့ သူတို့ဟာ ကလေးတစ်ယောက်လိုချင်နေပြီး ကိုယ်အလေးချိန်ချမှဖြစ်မယ်လို့ ခံစားရပါပြီ။ သူတို့နှစ်ယောက်ဟာ ကိုယ်အလေးချိန်ကျဖို့အတွက်ကို ခွဲစိတ်မှုအကူအညီ ယူမလား၊ မယူဘူးလားဆိုတာကိုတော့ မသိရသေးပါဘူး။

( Skyler )

#သစ်ထူးလွင်(ကျန်းမာရေး)

#health.thithtoolwin.com

Ref: Daily Mail

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ