ဘေဂျင်းမြို့ ရဲ့ လေထုညစ်ညမ်းမှု အခြေအနေ အန္တရာယ်ရှိ အဆင့် ဖြစ်နေ




တရုတ်နိုင်ငံမြို့ တော် ဘေဂျင်းမြို့ က ကျောင်းတွေဟာ ကျောင်းသားတွေကို အပြင်ပေးမထွက်တောာ့ဘဲ၊ မိဘတွေကလည်း သူတို့ ကလေးတွေ အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေ တွေ့ ကြုံနေရမှုကြောင့် ဆေးရုံကို ခေါ်ဆောင်လာနေကြရပါတယ်။ ဒါဟာ ဘေဂျင်းမြို့ အလွန်ဆိုးရွားတဲ့လေထုညစ်ညမ်းမှုကို ကြုံတွေ့ ရတဲ့ ငါးရက်မြောက်နေ့ ဖြစ်ပါတယ်။

သိပ်သည်းတဲ့အညိုရောင်မီးခိုးမြူတွေဟာ မြို့ တော်ရဲ့ကောင်းကင်ယံမှာ ပြည့်နှက်လျက်ရှိပြီး တစ်ဘလောက်၊ နှစ်ဘလောက် အကွာအဝေးက အဆောက်အဦးကိုတောင် မြင်ရဖို့ ခဲယဉ်းနေတယ်လို့ သိရှိရပါတယ်။ ဘေဂျင်းမြို့ က နီယွန်ဆိုင်းဘုတ်တွေဟာ ဒီမြုရိပ်ကို မနည်းထိုးဖောက်နေရပြီး ဘေဂျင်းမြို့ နေ ပြည်သူတွေဟာလည်း လမ်းသွားရာမှာ မျက်နှာဖုံးမျိုးစုံဝတ်ဆင်ကာ သွားလာနေရပါတယ်။

“ ဒီနှစ်အတွင်း အဆိုးရွားဆုံးနေ့ ပါပဲ။ ကျွန်မလည်ချောင်းမှာ ချွဲ၊သလိပ်တွေ ပြည့်ကျပ်နေသလို ခံစားရပြီး အရမ်းယားနေပါတယ်။ ဒါပေမယ့် ကျွန်မရဲ့ ၇ နှစ်အရွယ်ကလေးရဲ့ ကျန်းမာရေးကို ပိုစိတ်ပူမိတယ်ရှင်” လို့  အသက် ၃၆ နှစ်အရွယ်၊ အင်တာနက်ကုမ္ပဏီတစ်ခုမှာလုပ်ကိုင်နေသူ မိခင်တစ်ဦးက ပြောပြပါတယ်။

လေထုထဲမှာ အဆိပ်ရှိ PM 2.5 အမှုန် ပါဝင်မှုဟာ တစ်ကုဗမီတာကို ၆၀၀ မိုက်ခရိုဂရမ်အထိ ရောက်ရှိနေပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အစည်းက ထုတ်ပြန်ထားတဲ့ အန္တရာယ်ကင်းပမာဏက ၂၅ မိုက်ခရိုဂရမ်သာရှိပါတယ်။ တစ်ချို့ မြို့ ဆင်ခြေဖုံးဒေသတွေမှာဆို တင်္နလာနေ့ က  ၉၀၀ မိုက်ခရိုဂရမ်အထိ ရှိနေတယ်လို့ သိရပါတယ်။

ဘေဂျင်းမြို့ အစိုးရဟာ တနင်္ဂနွေနေ့ က လိမ္မော်ရောင်အဆင့်သတိပေးချက်ထုတ်ပြန်ခဲ့ပြီး စက်ရုံ၊အလုပ်ရုံတွေကို လုပ်ငန်းလျှော့ချဖို့ အမိန့် ပေးထားပါတယ်။ ဒီ လိမ္မော်ရောင်သတိပေးချက်ဟာ အဆင့် လေးဆင့်ရှိတဲ့ သတိပေးချက်တွေထဲမှာ ဒုတိယမြောက်အမြင့်ဆုံးအဆင့်ဖြစ်ပြီး နှစ်နှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် လိမ္မော်ရောင်သတိပေးချက်ထုတ်ပြန်ခဲ့ရတာဖြစ်ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref: yahoo

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ