၅ နှစ်ပို အသက်ရှည်စေနိုင်တဲ့ နှလုံးတု



နောက်(၅)နှစ်အထိ အသက်ဆက်ပေးနိုင်တဲ့ နှလုံးတု တစ်ခုကို ပထမဦးဆုံးအကြိမ်အဖြစ် အစားထိုးတပ်ဆင် အောင်မြင်ခဲ့ပါတယ်။
အသက် (၇၁)နှစ်အရွယ် အဖိုးတစ်ယောက်ကို ဆရာဝန်တွေက ဒီဇင်ဘာ၊ ၂၅ရက်နေ့မှာ ခွဲစိတ်ကုသခဲ့ပါတယ်။ ခွဲစိတ် အစားထိုးကုသပြီးတဲ့နောက် ကောင်းကောင်းကြီး ကျန်းမာရေးပြန်ကောင်းသွားတယ် လို့သိရပါတယ်။
နှလုံးအတုနဲ့ အစားထိုးကုသဖို့ကို ဆရာဝန်တွေဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေကတည်းက ကြိုးစားခဲ့ကြပေမဲ့ ဒီ့မတိုင်ခင်အချိန်ထိတော့ နှလုံးတုတွေဟာ လအနည်းငယ်သာ  အလုပ်လုပ်နိုင်ခဲ့ကြပါတယ်။
နောက် (၅)နှစ်ထိ အသက်ဆက်နိုင်တဲ့ နှလုံးတုနဲ့ ပထမဆုံးအကြိမ် အောင်မြင်စွာ အစားထိုးကုသနိုင်မှုကို ပါရီမှာရှိတဲ့ Georges Pompidou ဆေးရုံမှာ ခွဲစိတ်ကုသနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီအောင်မြင်မှုကြောင့်၊ အမေရိက နဲ့ ဥရောပတို့က နှလုံးသစ် လိုအပ်နေတဲ့ လူနာ ၁၀၀၀၀၀ လောက်ကို မျှော်လင့်ချက်ရောင်ခြည် သန်းစေခဲ့ပါတယ်။
အဲ့ဒီ့ နှလုံးတုဟာ အလေးချိန် (၂)ပေါင်ရှိပြီး နှလုံးစစ် တစ်ခုထက် ၃ဆနီးပါး ပိုလေးပါတယ်။ ဘက်ထရီကတော့ အရုပ်တွေ၊ လက်ပတ်နာရီတွေ နဲ့ စမတ်ဖုန်းတွေကို အားသွင်းတဲ့ ဘက်ထရီတွေနဲ့ အမျိုးအစား တူတူပါပဲ။
နှလုံးတု စက်ကို တိုင်တေနီယံနဲ့ အဓိကလုပ်ထားပြီး ခန္ဓာကိုယ်နဲ့ ထိတွေ့မယ့် အပြင်ဘက် နံရံကိုတော့ နွား တစ်သျှူးနဲ့ လုပ်ထားပါတယ်။
( Jack )
#သစ်ထူးလွင်(ကျန်းမာရေး)
#health.thihtoolwin.com

Ref: Daily Mail

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ