အားဖြည့် အချိုရည် တွေကို ယမကာ နဲ့ တွဲဖက်သောက်သုံးပါက အရက်စွဲသွားဖို့ ပိုများ



အားဖြည့် အချိုရည် တွေကို ယမကာ နဲ့ တွဲဖက်သောက်သုံးတဲ့ ဆယ်ကျော်သက်တွေဟာ အရက်စွဲသွားဖို့ ပိုများပြီး အရက်စွဲလန်းမှု ရဲ့ နှိပ်စက်မှုကို ဘ၀ ရဲ့ နောက်ပိုင်းအချိန်တွေမှာ ခံစားရလိမ့်မယ်လို့ လေ့လာမှု တစ်ခုက ဆိုလိုက်ပါတယ်။

အရက်နဲ့ energy drink တွေကို ရောစပ်သောက်သုံးတတ်တဲ့ အသက် ၁၅ နှစ် ကနေ ၁၇ နှစ်ကြားမှာ ရှိတဲ့ လူငယ်တွေဟာ အရက်စွဲလန်းမှုရဲ့ နှိပ်စက်မှု ကို ၄ ဆ ပိုမို ခံစားရတယ်လို့ လေ့လာမှုတစ်ခုက တွေ့ရှိခဲ့ ပါတယ်။ 

ထိုလေ့လာမှု ကို ဦးဆောင်ခဲ့တဲ့ Dr.Jennifer Emond ရဲ့ ပြောကြားချက်အရ အရက်ကို အားဖြည့် အချိုရည် တွေနဲ့ ရောစပ်သောက်သုံးတဲ့ လူငယ်တွေဟာ အရက်ကို အခြားအရာတွေနဲ့သာ ရောစပ်သောက်သုံးသူတွေထက် အရက်ကို စွဲလန်းသွားနိုင်တဲ့ အမူအကျင့်မျိုးရှိလာနိုင်တာကို အရက်ကို အခြားအရာတွေနဲ့သာ ရောစပ်သောက်သုံးတဲ့ လူငယ်တွေနဲ့ နှိုင်းယှဉ်ပြီး ပြောပြခဲ့ပါတယ်။

ထို သုတေသီ အဖွဲ့ဟာ အမေရိကန်ပြည်ထောင်စု မှာ ရှိတဲ့ အသက် ၁၅ နှစ်ကနေ အသက် ၂၃ နှစ်ကြား လူငယ် ၃၃၄၂ ယောက် ကို စုဆောင်းပြီး လေ့လာမှု ပြုလုပ်ခဲ့ပါတယ်။

အဲဒီအခါမှာတော့ အသက် ၁၅ နှစ်ကနေ အသက် ၁၇ နှစ်ကြား ရှိတဲ့ ၉.၇ ရာခိုင်နှုန်းသော ဆယ်ကျော်သက်တွေဟာ အရက်နဲ့ ရောစပ်ထားတဲ့ အားဖြည့်အချိုရည်တွေကို သောက်သုံးမှုနှုန်း ပိုများနေပါတယ်။

ထိုလေ့လာမှုကိုတော့ Pediatrics ဂျာနယ်ထဲမှာ ပုံနှိပ်ဖော်ပြခဲ့ပြီး ထို သတင်းဟာ အားဖြည့်အချိုရည်တွေဟာ လူငယ်တွေရဲ့ နှလုံးကို ထိခိုက်နိုင်တဲ့ စပိန်နိုင်ငံက လေ့လာမှု အပြီးမှာ ဖော်ပြခဲ့တာဖြစ်ပြီး အခုထပ်မံ သတိပေးလိုက်တာကတော့ အားဖြည့် အချိုရည်နဲ့ အရက်ကို ရောစပ်သောက်သုံး တဲ့ အတွက် ဖြစ်လာနိုင်မယ့် ထိခိုက်မှုတွေကို ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။

Ref : Dailymail 

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ