ကိုယ်ဝန်ဆောင်စဉ် ငါးစားခြင်းက စိုးရိမ်စိတ်ကိုလျှော့ချနိုင်


Bistol တက္ကသိုလ်(အင်္ဂလန်)နှင့် Federal တက္ကသိုလ်(ဘရာဇီးလ်)တို့ ရဲ့သုတေသီတစ်ဦးဖြစ်သူ Rio de Janeiro ၏ နောက်ဆုံး သုတေသန ပြုချက်များအရ ကိုယ်ဝန်ဆောင်စဉ် ငါးမကြာခဏ စားသူသည် ငါးလုံးဝမစားသူထက် စိတ်ပိုင်းဆိုင်ရာ စိုးရိမ်ပူပန် ကြောင့်ကြမှုကို လျော့ပါး စေနိုင် ကြောင်း
 လေ့လာတွေ့ရှိခဲ့ပါတယ်။

ထိုသုတေသီ Rio de Janeiro က ကိုယ်ဝန်ဆောင် အမျိုးသမီး ၉၅၃ဝ ကို ရက်သတ္တပတ် ၃၂ ပတ်ကာလအတွင်း တစ်ဦးချင်းစီရဲ့ စားသောက်ပုံ စာရင်းဇယားကို စာရွက်စာတမ်း မှတ်တမ်းများဖြင့် စနစ်တကျသုတေသနပြုပြီးနောက် ငါးလုံးဝမစားခဲ့သူ မိခင်လောင်းများမှာ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုပြသနာ ၅၃ ရာခိုင်နှုန်းထိရှိလာကြောင်း၊ ကိုယ်ဝန်ဆောင်စဉ် အသားနဲ့ငါး လုံးဝမစားဘဲ ဟင်းသီးဟင်းရွက်တစ်မျိုးတည်းသာ စားခြင်းကလည်း စိတ်ပိုင်း ဆိုင်ရာဖိစီးမှုပြဿနာ ၂၅ ရာခိုင်နှုန်းထိရှိစေကြောင်း PLOSONE (ခေါ်)ဆေးဂျာနယ် တစ်စောင်မှာ ဖော်ပြထားပါတယ်။ ဒါတင်မကသေးပါဘူး။ ကိုယ်ဝန်ဆောင် မိခင်ရဲ့ စိုးရိမ်ကြောင့်ကျစိတ်ဟာ ရင်သွေးငယ်ကို စိတ်ဖိစီးမှု ဖြစ်စေကာ ဥာဏ်ရည်ဖွံ့ဖြိုးမှု နှေးကွေးစေပါ
တယ်တဲ့။ အလားတူပင် အမေရိကန်ပြည်ထောင်စုမှာလည်း မိခင်လောင်း ၁၅ဝဝ ကို နှစ်ပေါင်း ၃ဝ ကြာလေ့လာမှု မှတ်တမ်းများအရ နံက်စာ၊နေ့ လည်၊ညစာ သီတင်းရက်သတ္တပတ် ကာလအတွင်း ငါးဟင်းလျာ ၁၂ ကြိမ်မျှ စားသုံးခဲ့သော ကိုယ်ဝန်ဆောင်အမျိုးသမီးများမှာ ရင်သွေးအပေါ် မာကျုရီ(ခေါ်) ပြဒါးအဆိပ်သင့်မှု တစ်စုံတစ်ရာမဖြစ် ပေါ်နိုင်တဲ့အပြင်၊ ကိုယ်အလေးချိန်ကျစေတာကြောင့်လည်း မိခင်များအတွက် သားဖွားပြီးနောက် ကိုယ်အလေးချိန်တိုးပွားခြင်းအတွက် များစွာအထောက်အကူဖြစ်စေ နိုင်တယ်လို့ အမေရိကန် ရိုချက်စတာတက္ကသိုလ် ပြည်သူ့ကျန်းမာရေး သိပ္ပံဌာနမှ ပါမောက္ခတစ်ဦးဖြစ်သူ ပီအိပ်ခ်ျ
ဒီဘွဲ့ရ အက်ဒွင်ဗန်ဆိုသူက အကြံပြုထားပါတယ်။

ထိုအဆိုကို ကမ္ဘာ့အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး(ခေါ်) FDA မှ ထောက်ခံထားပြီး၊ ကိုယ်ဝန်ဆောင် မိခင်လောင်းများအတွက် အောက်ပါအတိုင်း ထပ်လောင်း အကြံ ပြုထားပါတယ်။

(၁) မာကျုရီပမာဏ ပါဝင်များပြားသော ငါးကွမ်းရှပ် နှင့် ပင်လယ်ငါးကြီးများ (လုံးဝ) မစားပါနှင့်။ ပင်လယ်
စာများဖြစ်ကြသော ဓားရှည်နှုတ်သီးငါး၊ ငါးမန်းနှင့် မက္ကရာယ်ငါးကြီးမျိုးတို့ကိုလည်း မစားသင့်ပေ။

(၂) မာကျုရီပါဝင်မှုနည်းတဲ့ အကြေးခွံပါသော ရေချို ငါးတို့ကို များများစားပေးပါ။

(၃) ပုစွန်ထဲမှာ မာကျုရီပါဝင်မှုနည်းလို့  စားပေးသင့်ပါတယ်။

(၄) မာကျုရီပါဝင်မှုနည်းသော ပင်လယ်စာများဖြစ်ကြ တဲ့ ခုံး(ဂုံး)ကောင်၊ ကရုကမာကောင်၊ ယောက်သွား၊ တူနာငါး နှင့် ဆယ်လ်မွန်ငါးတို့ စားပေးပါ။

(၅) ငါးဒန်က သွေးတက်စေလို့ မစားသင့်ပေ။

(၆) ဂက်စ်ပါသော ဖျော်ရည်များ မသောက်ပါနှင့်။

(၇) ကော်ဖီ၊ လက်ဘက်ရည်နှင့် ကိုလာတို့ကဲ့သို့ ကဖိန်း ဓာတ်ကို အခြေခံထားသော ဖျော်ရည်များမသောက် ပါနှင့်။ များမကြာမီက လေ့လာမှုတစ်ခုအရ ကဖိန်းဓာတ်များလွန်းပါက ကလေးကြီးထွားနှုန်းကို ထိခိုက်နိုင်ကြောင်း၊ တစ်နေ့ ကော်ဖီတစ်ခွက် နေ့တိုင်းသောက်သုံးသော အမျိုးသမီးဟာ သာမန်ကိုယ်
အလေးချိန်ထက်လျော့သော ကလေးမွေးဖွားနိုင်၍ အန္တရာယ်ပိုများကြောင်း၊ ဒါကြောင့် ကိုယ်ဝန် ဆောင်များအနေဖြင့် ကဖိန်းဓာတ်ပါသော ဖျော်ရည်သောက်သုံးမှုကို သိသိသာသာ လျော့ချပစ်စေလို
ကြောင်း သိရပါတယ်။

(၈) ဓာတုချွတ်ဆေးများသုံးပြီး ပြန်လည်သန့်စင်ထားသော ဂျုံမှုန့် ဖြင့်ပြုလုပ်ထားသည့် အစားအစာများကို ရှောင်ပါ။

(၉) သကြားဓာတ်ပါဝင်မှုများသော အစားအသောက်များကို လျော့နိုင်သမျှ လျော့ချစားသုံးပါ။

(၁ဝ) သိပ္ပံနည်းအရ အတည်ပြုထားခြင်း မရှိသေးသော်လည်း ဇာတိပ္ဖိုလ်သီး ပါဝင်မှုများသော အစားအစာ
ကို စားခြင်းက သန္ဓေသားကို အန္တရာယ်ဖြစ်စေနိုင်ပါ တယ်တဲ့။

(၁၁) မချက်ပြုတ်ရသေးသော ငါးစိမ်းများမှာလည်း အစာအဆိပ်သင့်စေသည့် ဗက်တီးရီးယားနှင့် ပိုးမွှားများ ပါဝင်နေ၍ မစားသင့်ပေ။

(၁၁) ရေခဲရိုက်ထားသော (သို့) မီးကျပ်တိုက်ထားသော ပင်လယ်စားများကိုလည်း မစားပါနှင့်။

(၁၂) စည်သွပ်ထားသော ပင်လယ်စာကိုတော့ အနည်း ငယ်မျှလောက်သာ စားပေးနိုင်ပါတယ်။

(၁၃) အပူကောင်းစွာမပေးရသေးသော နို့များကိုရှောင်ပါ။ အဘယ်ကြောင့်ဆိုသော် ၎င်းနို့ထဲတွင် ရင်
သွေးကို အဆိပ်ဖြစ်စေ နိုင်သော(သို့) ရောဂါကူး စက်စေနိုင်သည့် အချင်းတိုင်မှ ဖြတ်သန်းဝင်ရောက်
နိုင်သော အစာအဆိပ်ဖြစ်စေသည့် ပိုးများပါဝင်နေ လို့ပါဘဲ။

(၁၄) လတ်ဆတ်သော ကြက်ဥ၊ ဘဲဥများကိုသာ ရွေးချယ် တတ်ပါစေ။

ပေါက်ပေါက်
The Mirror Daily
https://www.facebook.com/TheMirrorDaily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ