အူကျရောဂါ


အူကျရောဂါဖြစ်ခြင်းသည် အဓိကအားဖြင့်

၁။ ဗိုက်ထဲမှာ ဖိအားများလို့
၂။ ကြွက်သားအားနည်းလို့ ဖြစ်ရတယ်။

အမျိုးသားတွေ၊အဝလွန်သူတွေမှာ ပိုတွေ့ရတယ်။ မွေးကင်းစအရွယ်မှာ umbilical hernia ဆိုတာ တွေ့ရပေမယ့် သိပ်မကြာခင် သူ့နေရာမှန်ပြန်ရောက်သွားတယ်။
hernia မှာ အနေအထိုင်က အရေုးကြီးပါတယ်။

ကိုယ့်ဘာသာ နေတတ်အောင် နေရတယ်။အလေးအပင်မလို့ မရဘူး။ ကုန်းရ၊ထရတဲ့အလုပ်တွေ ရှောင်သင့်တယ်။ ချောင်းဆိုးရင် ပိုဆိုးလာတာကြောင့် အအေးမခံသင့်ဘူး။ အစားအသောက်မှာ ပျော့တာပဲ စားပေးသင့်တယ်။ဝမ်းချုပ်ရင် ညစ်တဲ့အခါ ပိုဆိုးလာတယ်။

ဒါ့ကြောင့် ဝမ်းချုပ်စေမယ့်အစားအသောက်ရှောင်ပေးရတယ်။ အသီးအရွက်များများစားပါ။ ရေများများသောက်ပါ။ အဆီ၊အသားလျော့စားပါ။ ဝိတ်များတဲ့လူတွေမှာ အဖြစ်များလို့ ဝိတ်ကျအောင် ကြိုးစားသင့်တယ်။ တနေ့ကို လေ့ကျင့်ခန်း နာရီဝက်လောက် လုပ်ပေးပါ။

ဒါပေမယ့် ပြင်းထန်တဲ့လေ့ကျင့်ခန်း၊ အကုန်းအကွ လုပ်ရတာတွေ ရှောင်ထားသင့်တယ်။ အိပ်လျက် စက်ဘီးစီးရတဲ့လေ့ကျင့်ခန်းတွေ၊ရေကူးတာတွေက ခန္ဓာကိုယ်ကို ဖိအားမသက်ရောက်စေလို့ ကောင်းပါတယ်။ ကုသတဲ့အခါ သိပ်မဆိုးသေးရင် စောင့်ကြည့်ပါတယ်။

အူကျလာတဲ့အခါမှာ ကိုယ့်ဘာသာ ပြန်ထည့်လို့ရတာရှိတယ်။ inguinal herniaဖြစ်ရင် ရေခဲအိတ်တင်ပေးနိုင်ပါတယ်။ သိပ်ဆိုးလာရင် ခွဲစိတ်ပြပြင်ရပါတယ်။ ခွဲရတဲ့သဘောက ကျတဲ့အူက ကြာလာတဲ့အခါ လိမ်ပြီး ပိတ်တာမျိုး ဖြစ်လာတတ်လို့ပါ။

ဒေါက်တာအေးမင်းထူး
ကျန်းမာရေးသတင်းများ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ