ဆေးစွမ်းတစ်ချက် ရှီးပတီး(ခေါ်) ဆောင်းပိုးနွေမြက်



ကချင်ဘာသာစကားဖြင့် တံတိုင်ရု Tungtai ruတွင် တုံ Tung မှာ ပိုးကောင်၊ တိုင် Tai မှာ ဖြစ်ခြင်း၊ ရု RU မှာ ရှင်သန်ရာနွယ်ဟု တစ်လုံးချင်း သီးခြား အဓိပ္ပာယ်ရသည်ဖြစ်ရာ မြန်မာဘာသာစကားဖြင့် ဆေးပိုးနွယ်ရှင်(သို့) ပိုးဆေးနွယ်ရှင်ဟု စာပေဆန်ဆန် ရေးသားရသော်လည်း တိဘက်ဒေသအခေါ် ရှီးပတီး Shae- pa- deဟုသာ အခေါ်များ အသိများကြ၏။ ဆောင်းရာသီ၌ ပိုးကောင်၊ နွေရာသီ၌ မြက်ပင်သဏ္ဍာန်ရှိ၍ သုတေသီအချို့က Winter-worm, summer- grass ဟု မှတ်သားကြရာမှ ‘ဆောင်းပိုးနွေမြက်’ ဟု အမည်တွင်ပြန်သည်။ စင်စစ် ရုက္ခဗေဒ အခေါ်အားဖြင့် Cordyceps sinensis သာဖြစ်သည်။

အီတလီနိုင်ငံမီလန်တက္ကသိုလ်မှဇီဝဗေဒပညာရှင်Alssandroboesi၏ လေ့လာမှုအရ ရှီးပတီးသည် ကပ်ပါးမှိုတစ်မျိုးဖြစ်ပြီး Clavicipitaceae မျိုးရင်းတွင် ပါဝင်ကြောင်း မှို၏စပိုးခေါ် မျိုးမှုန်များသည် တချို့သော ဖလံမျိုးစိတ်များ Hepialus spp, hepai-lidae, Lepidoptera များ၏ ကိုယ်တွင်း၌ကူးစက်ပေါက်ဖွားခြင်းဖြင့် ရှီးပတီး ဖြစ်လာကြောင်း သုတေသနပြု တင်ပြခဲ့ပေသည်။

အဆိုပါဖလံမျိုးနှင့်မှိုများသည်တရုတ်ပြည်သူ့တမ္မတနိုင်ငံ၊အိန္ဒိယနိုင်ငံနှင့်
မြန်မာနိုင်ငံတွင် မြောက်ဘက်စွန်း အမြင့်ပေ(၁၂၀၀၀)ခန့်ရှိ တောင်ပေါ် ထင်းရှူးတောမြက်ခင်းAlpine,meadow ပေါက်ရောက်သည့် မြေတွင် တွေ့ရပါ
သည်။

မိုးရာသီနှင့် ဆောင်းအ၀င်ကာလအတွင်း Hepialus ဖလံမျိုးတို့၏ ဥများ ပေါက်ပါသည်။တစ်ချိန်တည်းများစွာသောသားလောင်းများသည်
ဆောင်းရာသီကာလအတွင်း ၎င်းတို့၏ ရုပ်သွင်ပြောင်းလဲမှု အဆင့်ဆင့် မဖြစ်မီ လက်ခံအပင်ငယ် Herbများတွင် စားသောက် ရှင်သန်နေပေသည်။ Cordyceps sinensis ရှီးပတီး၏‘စပိုး’ ခေါ်မျိုးမှုန်များသည် လေထုအတွင်းလွင့်ပါ၍ မြေပေါ်နှင့် အပင်ငယ်များအပေါ် ကျရောက်ပျံ့နှံ့ကာ ထိမိလေသည့် ပိုးလောင်းများ၏ ခန္ဓာကိုယ်အတွင်း ၀င်ရောက်လေသည်။ ထို ‘စပိုး’ခေါ် မျိုးမှုန်များသည် ပိုးလောင်းမှ စားမိ၍ဖြစ်စေ ထိမိ၍ဖြစ်စေ ပေါက်ပွားနိုင်ကာ ၎င်းတို့၏ Myceliumများသည် ပါးစပ်(သို့မဟုတ်) အသက်ရှူပေါက်များမှ တစ်ဆင့် ၀င်ရောက်ကြလေသည်။

ထို့နောက် ပိုးလောင်း၏ ကိုယ်တွင် အလျင်အမြန်ပြန့်ပွားကာ ပိုးလောင်း၏ ပါးစပ်မှ မှိုပင်ငယ်သည် တိုးထွက် ကြီးထွားလာတော့၏။ ကပ်ပါးဖြစ်စဉ်တွင် Cordycepsသည် ၎င်းဘ၀၏ ရှင်သန်ကြီးထွားစေရေး အတွက် ပိုးလောင်း၏ ကိုယ်အင်္ဂါအစိတ်အပိုင်းပစ္စည်းများ Orangic matterများကို အသုံးချလိုက်သဖြင့် ပိုးလောင်းမှာ သေဆုံးရလေ၏။မှိုထွက်လာသောပိုးလောင်းသည် မြေကြီးတွင်
ထောင်လျက်အနေအထားဖြင့် ထွက်လာပါသည်။ ပိုးလောင်းဘ၀တွင် အဖြူရောင်ရှိပြီး မှိုပင်(ဦးမှင်) Intennaထွက်ပြီး သေသွားသည့်အခါ အညိုရောင်ပြောင်းသွားပါသည်။

ဓာတုဗေဒစမ်းသပ်မှု

ပရိုတင်း၊ အဆီ၊ ဗီတာမင် B12၊ CORDY- CEPi-CACiIနှင့် ERGO STEROLဓာတ်များပါဝင်သည်။

ခေတ်မီဆေးသုတေသနထုတ်ဖော်ချက်

ရှီးပတီးတွင် CORDYCEPICACID(CORDY- CEPiCACiD) သည် အဆုတ်လေပြွန်ကျယ် စေခြင်း၊ ADRENAL GLAND အင်အားတိုးစေခြင်း စသည့်အာနိသင်ရှိကြောင်း သိရသည်။

ကျောက်ကပ်အထူးပါရဂူ “ လီရှင်း”၏ လေ့လာမှု

ရှီးပတီးသည်ပဋိဇီဝဆေးများကြောင့် ဘေးထွက်ဆိုးကျိုးSideeffect ဖြစ်ပွားသည့် ကျောက်ကပ် ပျက်စီးမှုကို ကာကွယ်ပေးနိုင်ကြောင်း သိရသည်။

ဒေသခံတို့၏ အဆို

ပျားရည်(သို့မဟုတ်) အရက်တွင် စိမ်သောက်ခြင်းဖြင့် အမျိုးသားများ ကာမအားတိုးစေသည်။ကြက်သားဖြင့် ပေါင်းစားခြင်းဖြင့်အမျိုးသမီးများ သွေးသားသန့်စင်ကာ ကျန်းမာဝဖြိုးစေသည်။ ရှီးပတီး(၁)ကောင်အမှုန့်၊ ပျားရည်(၄)ဇွန်း၊ အရက်(၁)ဇွန်း ရောမွှေ၍ နေ့စဉ်မှန်မှန်စားသုံး(လျှက်ပေး)ခြင်းဖြင့် အမျိုးသားတို့၌ ကာမစည်းစိမ်ခံစွမ်းအင်တိုးလာခြင်း၊အမျိုးသမီးတို့၏ မွေးလမ်းကြောင်းပုံမှန်ဖြစ်ကာ “မိန်းမအအိုများ အပျိုပြန်ဖြစ်ဆေး” အဖြစ် လျှို့ဝှက်သုံးစွဲကြသည်။

(မှတ်ချက်။ ၆၇နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် နှစ်ပတ်လည် မဂ္ဂဇင်းမှရန်နိုင်ဖုန်းမြင့် ရေးသားသော ဆောင်းပါးအား ကောက်နှုတ်ဖော်ပြပါ
သည်။)

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ