အေးမြတဲ့ ဆောင်းရာသီနဲ့ လိုက်ဖက်တဲ့ အရောင်တွေ အသုံးပြုခြင်း


အခုလိုအေးမြတဲ့ ဆောင်းရာသီကို ရောက်လာပြီဆိုတာနဲ့ အလှအပသိပ်ကြိုက်တဲ့ ပျိုမေတွေ ဒုက္ခရောက်ရတော့တာပါပဲ။ သာမန်ဆိုးနေကျ နှုတ်ခမ်းနီ အရောင်တွေကလည်း အခုလို ဆောင်းတွင်းမှာ တစ်မျိုးကြီးဖြစ်နေတာမျိုး၊ သာမန်သုံးနေကျမိတ်ကပ်တွေကလည်း ဒီရာသီနဲ့အဆင်မပြေ တာမျိုးတွေ ကြုံကြရမှာပါ။ ဒီလိုမဖြစ်ရအောင် ဆောင်းရာသီနဲ့လိုက်ဖက်တဲ့ အရောင်လေးတွေရွေးချယ်ပြီး ဘယ်လိုအလှပြင်သင့်တယ်ဆိုတာကို Onway Beauty Land မှအလှအပရေးရာအကြံပေးဒေါ်လှလှယမင်းရဲ့ အကြံပေးချက်အတိုင်းဖော်ပြပေးလိုက်ပါတယ်။

မိတ်ကပ်

အခုလိုဆောင်းရာသီမှာအရောင် ပါတဲ့မိတ်ကပ်တွေကိုအသုံးပြုမယ် ဆိုရင် အဆင်မပြေနိုင်တဲ့အတွက် အရောင်မရှိတဲ့ သဘာဝမိတ်ကပ် တွေကို အသုံးပြုပါ။ ဥပမာ- အညိုဖျော့၊ မီးခိုးဖျော့၊ ပန်းရောင် ဖျော့၊ ခရမ်းဖျော့စတဲ့အရောင်တွေ ကို သုံးပေးပါ။ ဆောင်းရာသီနဲ့ လိုက်ဖက်ပြီး ထူးခြားလှပနေတာ ကိုတွေ့ရပါမယ်။

အိုင်းလိုင်နာ

ရာသီဥတုနဲ့လိုက်ဖက်တဲ့ အိုင်း လိုင်နာရယ်လို့ သီးသန့်အရောင် တော့မရှိပါဘူး။ ပုံမှန်ဆိုးနေကျ ချောကလက်ညိုရောင်၊ မီးခိုးရောင် ရင့်ရင့်ကို အသုံးပြုနိုင်ပါတယ်။ မျက်ဝန်းလိုင်း အပေါ်အောက်တစ် လျှောက်အသုံးပြုပေးနိုင်ပါတယ်။

မျက်ခွံ

ဆောင်းရာသီနဲ့လိုက်ဖက်အောင် အရောင်ဖျော့လေးတွေ ဆိုးရမှာပဲလို့ တော့ မထင်လိုက်ပါနဲ့။ တကယ် တမ်းရွေးချယ်ရမှာက တစ်ခုပဲရှိပါ တယ်။ Smokey Eye ကိုပဲရွေး ချယ်လိုက်ပါ။ သင့်တော်တဲ့အလှ တရားနဲ့ သင်တစ်နေကုန်လှပနေမှာ ပါ။ Smokey Eye ဖန်တီးတဲ့နေရာ မှာ အနက်တစ်မျိုးတည်းနဲ့ ဖန်တီး စရာမလိုဘဲအညို၊အစိမ်း၊ခရမ်းစတဲ့ အရောင်တွေနဲ့လဲဝတ်စုံပေါ်မူတည် ပြီး အနုအရင့်ဖန်တီးနိုင်ပါတယ်။

မျက်တောင်ကော့ဆေး

သမားရိုးကျ အနက်ရောင်တစ် ခုတည်းကိုအသုံးပြုမယ်ဆိုရင်တော့ ဆောင်းရာသီမှာ Update မဖြစ် တော့တဲ့ အလှတွေကိုပိုင်ဆိုင်သွား ပါလိမ့်မယ်။ ရေတပ်အပြာရောင်၊ အနီရင့်ရင့်အရောင်၊ နီညိုရောင်တွေ နဲ့အရောင်ရင့်တွေကိုသုံးမှ အလန်း စား ဒီဇိုင်းတွေ ဖန်တီးတတ်တဲ့သူ အဖြစ် အားလုံးကမြင်သွားကြမှာ ပါ။ ပုံမှန်သဘာဝအတိုင်းလေးဖြစ် အောင်တော့ သုံးပေးဖို့လိုပါမယ်။

ပေါင်ဒါ

Translucent ကိုပဲ အသုံးပြု ပေးပါ။ အောက်ခံမိတ်ကပ်နဲ့လိုက် ဖက်မယ့် အရောင်ဖျော့ဖျော့လေး နဲ့ အလှဆင်လိုက်မယ်ဆိုရင် ဆောင်းရာသီမှာ ဝင်းမွတ်တဲ့မျက် နှာလေးကို ပိုင်ဆိုင်သွားမှာပါ။

နှုတ်ခမ်းနီ

ဆောင်းရာသီမှာ နှုတ်ခမ်းနီ အတွက် အကြံပေးဖို့ကတော့ အစို ဓာတ်ဖြည့်တင်းပေးပါလို့ ပြောချင် ပါတယ်။ စိုစိုဖူးဖူးလေးဖြစ်နေမှ အဆင်ပြေစေမှာပါ။ ခြောက်သွေ့ ကွဲအက်နေရင် သွေးပါထွက်လာ နိုင်ပြီး ကြည့်မကောင်းပါဘူး။ ဒါ့ အပြင် Lip Golss လေးလဲ ထပ် ပြီးသုံးပေးပါ။ ဒါဆိုရင်တော့ ထူး ခြားပြောင်မြောက်တဲ့ အလှတရားနဲ့ ဆောင်းရာသီမှာ လှပနိုင်ပါပြီ။

မေအိမ့်ဒါလီမွန်
The Union Daily
http://uniondaily.net/News/DetailView.aspx…

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ