မျိုးရိုးလိုက်ခြင်းဆိုင်ရာ


ဥာဏ်ရည်ထက်မြက်ခြင်း

ကိန်းဘရစ်ခ်ျတက္ကသိုလ်၏ လေ့လာမှုမှတ်တမ်းအရ ဦးနှောက် ၏တွေးခေါ်နိုင်တဲ့ အစိတ်အပိုင်း ဟာ မိခင်ဘက်မှမျိုးရိုးလိုက်တတ် တဲ့ ဗီဇအထုံပါလာတာကြောင့်လို့ ဆိုပါတယ်။

အစားအသောက်ဓာတ်မတည့်ခြင်း

မိခင်(သို့မဟုတ်)ဖခင်ထံမှ မျိုး ရိုးလိုက်တတ်ပါတယ်။ ဝေဒနာရှင် တစ်ဦးနဲ့တစ်ဦးဓာတ်မတည့်သည့် အစားအစာအမျိုး အစားချင်း မတူညီကြပါဘူး။ ကြက်ဥ၊ နွားနို့၊ ပုစွန်၊ ခုံးကောင်၊ကင်းမွန်၊ရေဘဝဲ၊ ပဲပိစပ်၊ ဂျုံ၊ မြေထောက်ပဲ၊ ပိန်းဥ၊ သခွားသီးစသည်တို့က အဖြစ်များ တဲ့ အစားအစာဓာတ်မတည့်ခြင်း တွေပါပဲ။

အိပ်ပျော်နေစဉ်ဟောက်ခြင်း

အာရီဇိုးနားတက္ကသိုလ်၏ လေ့ လာဆန်းစစ်ချက်အရ အိပ်ပျော်နေ စဉ် ဟောက်တတ်သူအများစု၏ မိခင်တွေကလည်း ဟောက်တတ် ကြတာကြောင့် ဟောက်ခြင်းက မိခင်ထံမှ မျိုးရိုးလိုက်တာပါတဲ့။

ပန်းဝတ်မှုန်ဓာတ်မတည့်ခြင်း

များသောအားဖြင့်မိခင်ဘက်က မျိုးရိုးလိုက်တတ်ပြီး ထိုမိခင်က မွေးဖွားလာတဲ့ သား(သို့မဟုတ်) သမီး(သို့မဟုတ်)သားသမီးအားလုံး လိုလိုမှာ ပန်းဝတ်မှုန်ဓာတ်မတည့် ခြင်းဖြစ်လာရပါတယ်။ဥပမာ-ချိုအီ အီပန်းရနံ့များဖြစ်ကြတဲ့ ညမွှေး ပန်း၊ ယုဇနပန်း၊ ရှဥ့်မတက်ပန်း၊ ဆောင်တော်ကူး ပန်းရနံ့တွေမှာ အဖြစ်များကြပါတယ်။

လူမှုရေးဝင်ဆံ့ခြင်း

ကလေးတွေမှာ လူမှုရေးဝင်ဆံ့ တဲ့အပြုအမူနဲ့ ပေါင်းသင်းဆက် ဆံရေးပြေပြစ်ခြင်းတွေဟာ ဖခင် ဆီကမျိုးရိုးလိုက်တာပါလို့ လန်ဒန် မျိုးရိုးဗီဇဆိုင်ရာလေ့လာရေးအသင်း အဖွဲ့က အတည်ပြုထားပါတယ်။

ကိုယ်အင်္ဂါချို့ယွင်းခြင်း

မိခင်(သို့မဟုတ်) ဖခင်ထံမှ အမွေဆက်ခံတာဖြစ်ပါတယ်။ ဥပမာ- မွေးရာပါကိုယ်အင်္ဂါများ မတင့်တယ် မဖွယ်မရာရှိခြင်း (သို့ မဟုတ်)ခြေပွား၊ လက်ပွား အပိုပါ ရှိခြင်း(သို့မဟုတ်)ခန္ဓာကိုယ်အမွေး အမှင်ထူခြင်း(သို့မဟုတ်)ဆံပင်မ ကောင်းခြင်း(သို့မဟုတ်) ဆံပင်ပါး ခြင်း(သို့မဟုတ်) အရွယ်မတိုင်မီ ဆံပင်ဖြူခြင်း(သို့မဟုတ်) ထိပ် ပြောင်ခြင်းတို့ပါပဲ။

အလိုလိုထိုးထွင်းသိမြင်ခြင်း

Body Kanguage(ခေါ်)ခန္ဓာ ကိုယ်အမူအရာဖြင့် စကားပြောဆို ခြင်းကိုအမျိုးသားများထက် အမျိုး သမီးတွေက အမြန်ဆုံးနှင့်အမှန် ကန်ဆုံး ဘာသာပြန်နိုင်စွမ်းရှိကြ ပြီး ထိုစွမ်းရည်က ဖခင်ဘက်က ရတဲ့ ခရိုမိုဇုမ်း(X) ကြောင့်ဖြစ်ပါ တယ်တဲ့။

အသားအရေကွာခြားခြင်း

ဥပမာ- အသားဖြူခြင်း၊ မည်း ခြင်း၊ ဝက်ခြံ (လုံးဝ)မပေါက်ခြင်း တို့ဟာ မိခင်(သို့မဟုတ်)ဖခင်တစ် ဦးဦး၏မျိုးရိုးဗီဇမှ ဆင်းသက်လာ တာဖြစ်ပြီး ဒါဟာလူသားတွေ၏ Dermis(ခေါ်)အရေပြားရဲ့အလယ် လွှာထဲမှာရှိနေတဲ့ ကော်လာဂျင်ပရို တင်း အမျှင်ဓာတ်တစ်မျိုးကြောင့် ဖြစ်ပါတယ်။

အသက်ရှည်ခြင်း

ကမ္ဘာပေါ်မှာ အသက်ရာကျော် ရှည်သူအများစုဟာ ဂျပန်လူမျိုး တွေဖြစ်ကြပြီး ဒါဟာမိခင်ဘက်က ရတဲ့မျိုးရိုးဗီဇဖြစ်ပါတယ်။ ထိုဗီဇ ကြောင့် ရောဂါတော်တော်များများ ကို ဖြစ်မလာအောင် ခုခံတွန်းလှန် နိုင်စွမ်းရှိနေပြီး သက်ရှည် ကျန်းမာ အသက်(၁ဝဝ)နေသွားနိုင်ပါတယ်။

လက်သည်းကိုက်ခြင်း

စိတ်ပညာရှင်တွေရဲ့ အဆိုအမိန့် အရလက်သည်းကိုက်ခြင်းဟာမိဘ မေတ္တာကို အပြည့်အဝမရရှိသူတွေ ရဲ့စိတ်အားငယ်မှုကို ဖော်ညွှန်းတဲ့ သင်္ကေတဖြစ်တယ်လို့ဆိုပါတယ်။ မိခင်ဘက်ကရတဲ့ မျိုးရိုးဗီဇဖြစ်ပြီး ထိုမိခင်မှမွေးဖွားတဲ့သား(သို့မဟုတ်) သမီးတစ်ဦးဦးမှာ မျိုးရိုးလိုက်လေ့ ရှိပါတယ်။

မျိုးရိုးလိုက်တယ်ဆိုတဲ့ဝေါဟာရစကားကို ကြားဖူးကြမှာပါ။ ဒါဘာကြောင့်ပါလဲ။ သိပ္ပံပညာရှင်တွေရဲ့ လေ့လာဆန်းစစ်မှုမှတ်တမ်းများအရ လူတွေသာမက သက်ရှိသတ္တဝါအားလုံးတိုင်းမှာ မျိုးရိုးဗီဇနဲ့အမူအကျင့်တွေ ဆက်စပ်နေကြပြီး ၄င်းကို 'မျိုးရိုးလိုက်တယ်' လို့ခေါ်ပါတယ်။ လူသားတွေမှာမျိုးရိုးလိုက်တာကိုအောက်ပါအတိုင်း အကြံပြုဖော်ပြထားပါတယ်။

ပေါက်ပေါက်
The Union Daily
http://uniondaily.net/News/DetailView.aspx…

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ