(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ


ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။

စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။

ဂရင်ဂျီနာဖြစ်ခဲ့ရင်

စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။

ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖောက်ဝင်ရောက်ပြီး အမြစ်နေရာဟာ ကာလကြာ မပေါက်ဘဲ ရှိနေတတ်တယ်။ အနာမှာ အမြစ်ပွားခြင်း၊ အမြစ်ခြောက်ရှိခြင်း၊ ပြည်သွေးဖြစ်တည်ခြင်း စတဲ့အနာတစ်မျိုး ဖြစ်တတ်တယ်။ အဲဒီလိုဖြစ်ရင် ခွဲစိတ်ဖြတ်တောက်ပြီး စနစ်တကျကုသမှသာ ပြန်ကောင်းနိုင်တယ်။ အညှော်ရှောင်ရမယ်။ ဝမ်းမချုပ်အောင် ဟင်းသီးဟင်းရွက်၊ သစ်သီးများများ စားရမယ်။

ကြိုတင်ကာကွယ်ခြင်း

ကြိုတင်ကာကွယ်ခြင်း ကတော့ ဝမ်းမချုပ်ပါစေနဲ့။ ဆီး၊ ဝမ်း၊ သွေးမှန်အောင် ဆင်ခြင်နေထိုင်ပြီး နေ့စဉ်နာရီဝက်လောက် လေ့ကျင့်ခန်း (အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး) လုပ်သင့်တယ်။ ဝမ်းချုပ်သူများ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးစားပေးရမယ်။ အသား၊ အဆီနဲ့အငန် လျှော့စား ရမယ်။ ဟော်မုန်းအားဆေးများ၊ ကာမအားဆေးများ မသုံးစွဲသင့်ပါဘူး။ သဘာဝသစ်သီးနဲ့ ဖျော်ရည်များ ကို သောက်သင့်တယ်။ ဂက်စ်ပါတဲ့ အချိုရည်ဘူး၊ ဘီယာ၊ အရက်ရှောင်ရမယ်။ ရေဆာရင် ရေသာသောက်သင့်တယ်။ ဆေးလိပ်ဖြတ်ရမယ်။ အရက်၊ ဆေးလိပ်များ ရင် ကျန်းမာရေးချို့တဲ့ကာ ခုခံမှုအားစနစ် ပျက်ယွင်းလာပြီး ဂရင်ဂျီနာ ဖြစ်တတ်တာ ပိုတွေ့ရတယ်။ သဘာဝ သောက်ရေသန့်သောက်၊ အညှီအဟောက်ရှောင်၊ နေ့စဉ် နာရီဝက် လေ့ကျင့်ခန်း လုပ်ဆောင်ရမယ်။

ကုသနည်း

ခွဲစိတ်ကုသနည်းဟာ ရောဂါပျောက်ကင်းအောင် ကုသတဲ့နည်း ဖြစ်တယ်။ သောက်ဆေး အနေနဲ့ အကိုက်အခဲ ပျောက်ဆေးများနဲ့ မက်ထရိုစားဆေး၊ အမောက်ဆလင် (၅ဝဝ) မီလီဂရမ် စားဆေးတို့ကို သုံးလုံးပါတစ်တွဲ သုံးကြိမ်နဲ့ငါးရက်မှ ခုနစ်ရက် သောက်သင့်တယ်။ မက်ထရိုအမှုန့် သို့မဟုတ်ဆားခါးကို အနာဝမှာ အုံပေးနိုင်တယ်။

မြ၀တီ
https://www.facebook.com/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ