အမေရိကန်တွင် ကင်ဆာကြောင့် သေဆုံးမှုနှူန်းကျဆင်း၊ ၁ ဒသမ ၅ သန်းခန့် ကို အသက်ကယ်နိုင်


ကျန်းမာရေး၊ ဇန် (၁) သမန်းကျား

လွန်ခဲ့သော ဆယ်စုနှစ် နှစ်စုအတွင်း အမေရိကန်ပြည်ထောင်စုတွင် ကင်ဆာအမျိုးမျိုးကြောင့် သေဆုံး သည့်နှူန်း ကို လျော့ချနိုင်ခဲ့သည့်အတွက် အနှစ် ၂၀ အတွင်း အသက်ပေါင်း ၁ ဒသမ ၅ သန်း ထက်မနဲ ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။

၁၉၉၁ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း ကင်ဆာအမျိုးမျိုးကြောင့် သေဆုံးမှုကို ၂၂ ရာခိုင်နှူန်း လျော့ချနိုင် ခဲ့ကြောင်း၊ သို့ သော် ယင်းသို့ လျော့ချခဲ့နိုင်ခြင်းသည် အမေရိကန်ပြည်ထောင်စုတ၀ှမ်းလုံးတွင် အချိုးအစားတူညီစွာ ဖြစ်ပေါ် နေခြင်း မဟုတ်ကြောင်း၊ အမျိုးသားများ၏ အသက်ကို ကယ်တင်ရာတွင် အောင်မြင်မှုပိုရရှိခဲ့ကြောင်း၊ ထို့ အပြင် အမေရိကန်ပြည်ထောင်စု တောင်ပိုင်းတွင် ကင်ဆာသေဆုံးမှုလျော့ကျမှု အနဲဆုံးဖြစ်ပေါ်ခဲ့ကြေင်း၊ အရှေ့  မြောက်ပိုင်း ဒေသတများတွင်မူ ကင်ဆာသေဆုံးမှုမှာ သိသာထင်ရှားစွာ လျော့ကျခဲ့ကြောင်း၊ မည်သို့ ပင် ဆိုစေ၊ လူဖြူနှင့်လူမည်းနှိုင်းယှဉ်လျင် လူမည်းများက ကင်ဆာကို ခံနိုင်ရည်နဲပါးကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စုတွင် ၂၀၁၅ ခုနှစ်အတွင်း ကင်ဆာဖြစ်ပွားသူအသစ် ၁ ဒသမ ၆၅ ဦးရှိမည်ဖြစ်ပြီး ၄င်းတို့  အနက် ၅၉၀၀၀၀ ဦးမှာ သေဆုံးမည်ဖြစ်သည်။ ဖော်ပြပါနှူန်းအတိုင်းဆိုလျင် တစ်ရက်လျှင် ၁၆၀၀ ဦးကျ နေ့ စဉ် သေဆုံးနေခြင်းဖြစ်သည်။ သို့ သော်လည်း ၂၀၁၄ ခုနှစ် ခန့် မှန်းချက်များအရ ကင်ဆာဖြစ်ပွားမှု ၁ ဒသမ ၆၆ သန်း ရှိခဲ့ပြီး ၅၈၆၀၀၀ ဦး သေဆုံးခဲ့သေးကြောင်း သိရသည်။

ဖော်ပြပါကိန်းဂဏန်းများကို အမျိုးသားကင်ဆာတက္ကသိုလ်က ရှာဖွေခြင်းဖြစ်ပြီး ရောဂါထိန်းချုပ်ရေးနှင့် တားဆီး ကာကွယ်ရေးအဖွဲ့ က အကောင်အထည်ဖော် ဆောင်ရွက်ပေးနေရကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စုတွင် ၁၉၉၁ သည် ကင်ဆာကြောင့်သေဆုံးမှုနှူန်း အမြင်ဆုံးဖြစ်ခဲ့ပြီး ဆေးရွက်ကြီး ရှူသွင်း မှုကြောင့် အဆုပ်ကင်ဆာဖြစ်သူ များပြားခဲ့သည်။ ၁၉၉၀ မှ ၂၀၁၁ ခုနှစ်အတွင်း အဆုပ်ကင်ဆာကြောင့်သေဆုံးသူ ၃၆ ရာခိုင်နှူန်းကျဆင်းခဲ့ရာမှ ၂၀၁၁ ခုနှစ်တွင် အပြီးသတ် တည်ဆောက်နိုင်ခဲ့ကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စုတွင် ရင်သားကင်ဆာ၊ ဆီးအိမ်ကင်ဆာနှင့် ညှပ်ရိုးကင်ဆာတို့ ကြောင့် လူသေဆုံးမှု အများဆုံးဖြစ်ခဲ့ရာဝယ် ၂၀၁၁ ခုနှစ်နောက်ပိုင်းတွင် ကင်ဆာကြောင့် သေဆုံးမှု မှာ ၃၅ ရာခိုင်နှူန်းခန့်  ကျဆင်း လာခဲ့ကြောင်း သိရသည်။

ကင်ဆာရောဂါကြောင့် သေဆုံးမှုနှူန်း လျော့နဲလာသည့်အကြောင်းရင်းကို သဲကွဲစွာမသိရှိ ရသေးသော်လည်း ဆေးဝါး ကုသသည့်ပုံစံ ပို၍တိုးတက်ကောင်းမွန်လာခဲသည့်အတွက် ဖြစ်နိုင်ကြောင်း သုတေသီများက သုံးသပ်နေ ကြကြောင်း သိရသည်။

Lashio News Diary
https://www.facebook.com/lashio.news.city/timeline

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ