Dos and don’ts for common colds အအေးမိရင် ရှောင်ရန်-ဆောင်ရန်များ


• ဗီတာမင် (စီ) နဲ့ (ဒီ) များများသောက်ရင် ပိုကောင်းမယ်လို့ထင်မှတ်ထားကြတယ်။ အမှန်က ၃% ထက် ပိုမကောင်းပါ။ ပိုပြီးထိရောက်တာက ဇင့် (သွပ်) ဓါတ်ဖြစ်တယ်။ Zinc lozenges ငုံဆေးဝယ်လို့ရတယ်။
• အရက်ပိုသောက်ရင် အအေးမိတာပိုကောင်းမယ်လို့ယူဆထားတယ်။ မဟုတ်ပါ အသင့်အတင့်သမားတွေက တော်သေးတယ်။
• ပဋိဇီဝဆေးတွေ မသောက်ပါနဲ့။ အကိုက်အခဲ-အဖျား-အရောင်ကျဆေး (Paracetamol/Ibuprofen) ဖြစ်ဖြစ် အအေးမိဆေး (Cold tablet/Sneeza/Coricidin) ဖြစ်ဖြစ်သာ သောက်ပါ။
• ပျားရည်တဇွန်း ညအိပ်ခါနီးသောက်ပါ။ ချောင်းဆိုးပျောက်ဆေးထက် ပိုထိရောက်တယ်။ တခြား ဟာဗယ်ဆေးတွေ (ချင်းရည်-ချင်းပြုတ်ရည်) တွေကမထူးပါ။
• သင်အားကိုးယုံကြည်တဲ့ ဆရာဝန်အပါအဝင် ချစ်ခင်ကြင်နာသူတွေနဲ့ဆီက အားပေးကူညီမှုကြောင့် မြန်မြန်သက်သာလာစေနိုင်တယ်။
မှတ်ချက်။
• ဓါတ်ပုံထဲပါအအေးမိနေသူ ချောင်းဆိုးနေပုံဟာ သူများတိုင်းပြည်တွေမှာ လုပ်တဲ့အကျင့်ဖြစ်တယ်။ လက်ဝါးနဲ့ပိတ်ပြီး ချောင်းမဆိုးကြပါ။ လူတွေ့ရင် လက်ဆွဲနှုတ်ဆက်လေ့ရှိတဲ့ယဉ်ကျေးမှုအရ လက်ဝါးကို တတ်နိုင်သမျှ အသန့်ထားကြတယ်။
• (တစ်ရှူး) သုံးရင်လဲ စနစ်တကျစွန့်ပစ်ရတယ်။
• နေရာတကာမှာ Hand Sanitizers ခေါ်တဲ့ လက်ဆေး ဆေးရည်ပုလင်းလေးတွေ ထားပေးတယ်။ အိမ်မှာလဲ ဝယ်ထားကြတယ်။ ပိုးမွှားတွေ သန့်ရှင်းပေးတယ်။ ဆရာဝန်တွေလဲ လူနာစမ်းသပ်ပြီးတိုင်း သုံးကြတယ်။ ကောင်းပါတယ်။

ဒေါက်တာတင့်ဆွေ
၂၁-၁၂-၂ဝ၁၄
https://www.facebook.com/pages/Dr-Tint-Swe/490031307758025

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ