No Bra Day နိုးဘရာဒေး

အမျိုးသမီးတွေကို ၂၄ နာရီကြာ 'ဘရာ' မဝတ်ကြဘို့ လှုံ့ဆော်တဲ့အနေနဲ ၂ဝ၁၄ အတွက် အောက်တိုဘာ ၁၃ ရက်နေ့ကို No Bra Day ဆိုပြီး သတ်မှတ်ထားပါတယ်။ BRA Day ကို ၂ဝ၁၁ တုံးက ကနေဒါနိုင်ငံ တိုရွန်တို မြို့က ပလပ်စတစ် ဆာဂျင် ဒေါက်တာ မစ်ချယ် ဘရောင်း ကနေ စလုပ်ခဲ့ပါတယ်။ နိုင်ငံပေါင်း ၃ဝ ကျော် ပါဝင်ဆင်နွဲခဲ့ပါတယ်။

အမှန်က Breast Reconstruction Awareness Day ရင်သားပြန်လည်တည်ဆောက်ပေးခြင်း အသိပေးလှုံဆော်တာဖြစ်ပါတယ်။ ရင်သားကင်ဆာဖြစ်လို့ ရင်သားတခုလုံးကို ခွဲထုတ်လိုက်ရသူတွေမှာ အပြင်အမြင်တင့်တယ်အောင် ရင်သားအတု လုပ်ပေးရပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်အတွင်း ဆိုရှယ်မီဒီယာကနေ ဆော်သြမှုတွေလုပ်နေခဲ့ပါတယ်။ ယူကေ နိုင်ငံမှာလဲ အောက်တိုဘာကို Breast Cancer Awareness Month ရင်သားကင်ဆာ အသိပညာဖြန့်ဖြူးရေးလအဖြစ် သတ်မှတ်ထားပါတယ်။

အမေရိကမှာတော့ ဒီနေ့မှာ လူတွေစိတ်ဝင်စားမဲ့ နည်းလမ်းအမျိုးမျိုးနဲ့ဆင်ယင်ကျင်းပပါမယ်။ ရင်သားကင်ဆာဖြစ်ပြီး အသက်ရှင်သူတွေကနေ 'ဘရာ' ဒီဇိုင်းဆွဲပြိုင်ပွဲလုပ်တာ၊ ဒီဇိုင်းတွေကို လေလံပစ်တာ၊ ပညာပေးဟောပြောတာ၊ လူစုလူဝေးနဲ့ သီချင်းသီဆိုကြတာ၊ ကခုန်တာ၊ စုဝေးချီတက်တာ၊ ဆင်တူဝတ်ဆင်ကြတာ၊ ရံပုံငွေရှာပွဲလုပ်တာ၊ အမေး-အဖြေပွဲလုပ်တာ၊ ပြဇာတ်စတာတွေနဲ့ဧည့်ခံတာ စတဲ့နည်းလမ်းတွေကို အကြံပြုထားပါတယ်။

ကျွန်တော်လဲ ရင်သားနဲ့ပတ်သက်တာတွေ အတော်များများရေးထားပြီးပါပြီ။
(1)Breast Cancer (1) ရင်သား-ကင်ဆာ
(2)Breast Cancer (2) ကိုယ့်ပေါင်ကိုယ် လှန်ထောင်းခြင်း
(3)Breast Cancer Treatment regimes ရင်သား-ကင်ဆာ ကုထုံးများ
(4)Breast Cancer Today ရင်သား-ကင်ဆာ အရင်ကနဲ့မတူပါ
(5)Breast Cancer Chemotherapy ရင်သား-ကင်ဆာကို ဆေးပေးကုသခြင်း
(6)Breast Massage ရင်သား နှိပ်နယ်ခြင်း
(7)Breast Abscess and Mastitis နို့နာ
(8)Breast Beauty ရင်သားအလှ
(9)Bras and Breast Cancer (ဘရာစီယာ) နဲ့ (ဘရက်စ်) ကင်ဆာ
(10)Breast Benign Lumps ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်များ
(11)Breast Conditions ရင်သား ကျန်းမာရေး
(12)Breast Enlargement ကလေးအတွက်မို့ မသေးချင်တာ ရင်သားပါ
(13)Breast Fibroadenosis (ဖိုက်ဘရို-အဒီနိုးဆစ်) ရင်သားရောဂါ
(14)Breast Implant ရင်သားအတု
(15)Breast Inverted nipples နို့ပါးစပ်
(16)Breast Itching ရင်သား ယားခြင်း
(17)Breast Massage ရင်သား နှိပ်နယ်ခြင်း
(18)Breast Milk Storage နို့ရည်ကို ဘယ်လိုထားသိုမလဲ
(19)Breast Milk Supply နို့ထွက်နည်းနေရင်
(20)Breast self-examination ရင်သားအား မိမိဖါသာ စမ်းသပ်နည်း
(21)Breast pain ရင်သားနာတာ ဘာလို့ပါလဲ
(22)Breast Reconstruction ရင်သား အသစ်တပ်ပေးခြင်း
(23)Breast reduction ရင်သားသေးအောင်လုပ်ခြင်း

ဒေါက်တာတင့်ဆွေ
၁၂-၁ဝ-၂ဝ၁၄
https://www.facebook.com/pages/Dr-Tint-Swe/490031307758025


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ