Metformin နှင့် သိုင်းရွိုက် ဟော်မုန်း

Metformin ဆေးကို ဆီးချို အမျိုးအစား ၂တွင် အသုံးပြုလေ့ရှိသည်။ယခုတွေ့ရှိမှု
အရ ထိုဆေးကို နှစ်ကြာရှည်စွာ သောက်သုံးပါက သိုင်းရွိုက်ဂလင်းကို ဟော်မုန်း ထွက်ရန်လှုံ့ဆော်ပေးသော ( Thyroid stimulating hormone) ဟော်မုန်းကို လျော့နည်းစေကြောင်း တွေ့ရသည်။

၎င်းဟော်မုန်းလျော့နည်းပါက နှလုံးနှင့်အရိုးတွင် ထိခိုက်မှုများဖြစ်စေနိုင်သည်။ ကနေဒါနိုင်ငံရှိ မက်ဂေးတက္ကသိုလ်မှ ဒေါက်တာ လောရင့်အေစိုလီ ဦးဆောင် သောအဖွဲ့သည် ထိုလေ့လာမှုကို ပြုလုပ်ခဲ့ ကြသည်။

Metformin ဆေး၂၅နှစ်ကြာ သုံးစွဲနေသော ဆီးချိုလူနာ ၇၄၃၀၀ ဦးသည် TSH ဟော်မုန်း လျော့ကျမှုနှုန်းသည် ၅၅ရာခိုင်နှုန်း အထိ ရှိကြောင်းတွေ့ရသည်။

ဒေါက်တာလောရင့်အေစိုလီက ““ကျွန်တော်တို့လေ့လာတွေ့ရှိမှုအရ Metformin ဆေးကြောင့် သိုင်းရွိုက်ဂလင်းကို ထိခိုက်စေခြင်းတော့ မရှိပါဘူး။ ဒါပေမယ့် သိုင်းရွိုက်ဟော်မုန်းနည်းလို့ ကုသနေရတဲ့လူနာတွေကိုတော့ ပိုမို
ဆိုးရွားစေပါတယ်””လို့ ပြောပါသည်။

မာဃ
Ref;MNT
Health Updates Journal


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ