US အိုးပင်း တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဆာနီယာ မီယာဇာနှင့် ဘရူနို ဆိုးရက်တို့ အတွဲ ချန်ပီယံ ဖလားဆွတ်ခူး

အမေရိကန် ပြည်ထောင်စု နယူးယောက် မြို့တွင် စက်တင်ဘာ ၅ ရက်က ကျင်းပခဲ့သည့် US အိုးပင်းတင်းနစ် ပြိုင်ပွဲ၏ နှစ်ဦးတွဲပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဆာနီယာ မီယာဇာနှင့် ဘရူနို ဆိုးရက်တို့ အတွဲသည် အဘီဂေးလ် စပီးယားနှင့် ဆန်တီယာ ဂိုဂွန်ဇာလက် တို့အား အနိုင် ရရှိပြီးနောက် ချန်ပီယံ ဖလားကို ဆွတ်ခူး သွားခဲ့ကြောင်း သိရသည်။

အိန္ဒိယ တင်းနစ်မယ် ဆာနီယာနှင့် ဘရာဇီး နိုင်ငံမှ ဘရူနိုတို့ အတွဲသည် အဘီဂေးလ်နှင့် ဆန်တီယာဂိုတို့ အတွဲအား (၆-၁)၊ (၂-၆)၊ (၁၁-၉) ဖြင့် အနိုင် ရရှိခဲ့ခြင်း ဖြစ်သည်။

ဆာနီယာသည် ယခု ကျင်းပခဲ့သည့် ဗိုလ်လုပွဲတွင် ချန်ပီယံ ဆုကို ဆွတ်ခူး နိုင်ခြင်းကြောင့် နိုင်ငံ၏ ဂုဏ်ကိုမြှင့်တင် ပေးခဲ့ကြောင်း အိန္ဒိယ သမ္မတ ပရာနတ် မူခါးဂျီးက ပြောကြားခဲ့သည်။

အဆိုပါ တင်းနစ်မယ်သည် ၂ဝဝ၉ ခုနှစ် သြစတြေးလျ အိုးပင်းနှင့် ၂ဝ၁၂ ခုနှစ် ပြင်သစ်အိုးပင်း နှစ်ဦးတွဲ တင်းနစ်ပြိုင်ပွဲ များတွင်လည်း မာဟက်ရှ် ဘူပါသီနှင့် အတူ ယှဉ်ပြိုင် ကစားခဲ့ပြီး ချန်ပီယံ ဖလားများကို ဆွတ်ခူး နိုင်ခဲ့ကြောင်း သိရသည်။

မြ၀တီ
https://www.facebook.com/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ