လှိုင်မြစ်အတွင်း ရေးဆင်းချိုးရာမှ ရေနစ်ပျောက်ဆုံးနေသူ ကလေး(၂)ဦးအနက် (၁)ဦးအား သေဆုံးလျက်တွေ့ရှိ

ရန်ကုန်၊ စက်တင်ဘာ ၇

၎.၉.၂၀၁၄ ရက်နေ့ ၁၅၃၀အချိန်တွင် အင်းစိန်မြို့နယ် အထက(၄)မှ (၇)တန်း
ကျောင်းသားများဖြစ်သော အင်းစိန်မြို့နယ်နေ မောင်အောင်နိုင်ထွေး၊ (၁၃)နှစ်
နှစ်နှင့် မောင်သက်ပိုင်ဦး၊ (၁၃)နှစ်တို့ပါ (၇)ဦးသည် အင်းစိန်မြို့နယ်၊ ရွာမ
အနောက်ရပ်ကွက်၊ နယ်မြေ(၁၅/ခ)၊ (၈)နံပါတ်ဆန်ဆက်ဝင်းဘေး လှိုင်မြစ်
အတွင်း ရေဆင်းချိုးရာမှ မောင်အောင်နိုင်ထွေးနှင့် မောင်သက်ပိုင်ဦးတို့(၂)ဦးမှာ
ရေနစ်ပျောက်ဆုံးသွားခဲ့သဖြင့် လိုက်လံရှာဖွေလျက်ရှိပါသည်။

ထိုသို့ရှာဖွေလျက်ရှိစဉ် ၆.၉.၂၀၁၄ ရက်နေ့ ၁၈၃၀အချိန် ရေနစ်ပျောက်ဆုံး
နေသူ(၂)ဦးအနက် မောင်အောင်နိုင်ထွေးအား အင်းစိန်မြို့နယ်၊ မြို့သစ်(က+ခ)
ရပ်ကွက်၊ လှိုင်မြစ်ကမ်းစပ်တွင် သေဆုံးလျက်တွေ့ရှိခဲ့ရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ အင်းစိန်မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ်
(၆၇/၂၀၁၄) ဖြင့် ရေးဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ