ဆန်ဖရန် စစ္စကို မြို့ရှိ Golden Gate တံတားပေါ်မှ သမင် နှစ်ကောင်ကြောင့် ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်ခဲ့ရ

အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် ဆန်ဖရန် စစ္စကို မြို့ရှိ Golden Gate တံတားပေါ်၌ သွားလာနေသော သမင် နှစ်ကောင်ကြောင့် တံတားပေါ်တွင် ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ခဲ့ရကြောင်း ယင်းမြို့ရှိ အာဏာပိုင် များက ပြောကြားခဲ့သည်။

အဆိုပါ သမင် နှစ်ကောင်ကို ဆန်ဖရန် စစ္စကို မြို့မှ မရင်းခရိုင်သို့ သွားသော လမ်းပေါ်တွင် စက်တင်ဘာ ၅ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲက မြင်တွေ့ခဲ့ခြင်း ဖြစ်ပြီး ၎င်းသမင် နှစ်ကောင်အား တွေ့ရှိချိန်သည် လူစည်ကားသည့် အချိန် ဖြစ်သောကြောင့် ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ကယ်လီဖိုးနီးယား ပြည်နယ် အမြန်လမ်း ကင်းလှည့် အဖွဲ့က ပြောကြားခဲ့သည်။

ထို့နောက် လမ်းကြီးကြပ်ရေးမှူး များသည် ညနေ ၆ နာရီတွင် အခင်း ဖြစ်ပွားရာသို့ ရောက်ရှိ လာခဲ့ပြီး သမင် နှစ်ကောင်အား ဘေးလွတ်ရာသို့ ခေါ်ဆောင် သွားခဲ့ကြောင်း၊ ယင်းဖြစ်ရပ်ကြောင့် သမင်နှစ်ကောင် အပြင် အခြားပြည်သူ တစ်ဦး တစ်ယောက်မှ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း မရှိကြောင်း ကယ်လီဖိုးနီးယား ပြည်နယ် အမြန်လမ်း ကင်းလှည့် အဖွဲ့မှ အကြီးအကဲ ဝီလီယံ အိုဂီလ်ဗီက ပြောကြားခဲ့သည်။

အဆိုပါ သမင်များသည် Golden Gate တံတားပေါ်သို့ တောင်ဘက်မှ အမှတ်မထင် ရောက်ရှိ လာခဲ့ခြင်း ဖြစ်နိုင်ကြောင်း သိရသည်။

မြ၀တီ
https://www.facebook.com/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ