ပလတ်စတစ်ဆာဂျီရီနဲ့ကိုးရီးယားသရုပ်ဆောင်များ

My lover from Starရုပ်သံစီးရီးဖြင့် အောင်မြင်လာသော မင်းသား ကင်ဆိုဟွမ်သည်မျက်နှာပြင်ကို ခွဲစိပ်ပြုပြင်ထား တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာ ခဲ့ပါသည်။

တရုတ်နိုင်ငံတွင်“My lover from Star” ရုပ်သံစီးရီးကိုအလွန်လူကြိုက်များခဲ့ကြပါသည်။ မင်းသားကင်ဆို ဟွမ်သည်ဇာတ်လမ်းတွဲကြောင့်လူအများရဲ့စိတ်ဝင်စားခြင်းတွေကို
ခံခဲ့ရပါသည်။

စိတ်ဝင်စားခံရခြင်းတွေနဲ့အတူကောလဟာလတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။သူရဲ့ကောလဟာအချို့ သည် ဆွဲဆောင်မှုရှိတဲ့ သူရုပ်ရည်နဲ့ပတ်သတ်နေခဲ့ပါတယ်။ သူရဲ့ဆွဲဆောင်မှုရှိတဲ့မျက်နှာသွင်ပြင်သည်ခွဲစိပ်ခြင်းကြောင့်ရရှိလာခဲ့တာလို့ကောလဟာတွေ ထွက်ပေါ် လာခဲ့ပါတယ်။သူနဲ့ပတ်သတ်သောကနေဦးပိုင်းထွက်ပေါ်လာခဲ့သော ကောလဟလသတင်းအချို့သည်နောက်ပိုင်း မှာတော့မီဒီယာတွေရဲ့ စာမျက်နှာပေါ်ရောက်ရှိလာခဲ့ ပါတယ်။တရုတ်နိုင်ငံမှမီဒီယာတွေ သည်တောင်ကိုးရီးယားစတားကိုမေးမြန်းခဲ့တာကတော့ခင်ဗျားမျက်နှာ ကိုဓားသွားအောက်မှာထားခဲ့သလားဆိုတာပါပဲ။”ကိုးရီးယားသရုပ်ဆောင်တွေကို ခွဲစိတ်ပြုပြင်တာတွေနဲ့ပတ်သတ်လို့မေးမြန်းကြရတဲ့အကြောင်းရင်းကတော့ “တောင်ကိုးရီးယားနိုင်ငံတွင်ခွဲစိတ်ပြုပြင်ကြတာအလွန်ကို ပဲရေပန်းစားနေကြလို့ပါပဲ။”

My Girl ၊ဟိုတယ်ကင်းစီးရီးတွေနဲ့အောင်မြင်မှုတွေရခဲ့သော မင်းသမီးလီဒါဟဲသည်ခွဲစိတ်ခြင်းတွေနဲ့ပတ်သတ်လို့ဝန်ခံသွားခဲ့ပါတယ်။ “ကျွန်မမျက်နှာပြင်ကိုပြန်လည်ပြုပြင်ခဲ့ပါတယ်။နှာခေါင်းနဲ့မျက်ရစ်တွေအတွက်ခွဲစိတ်မှုတွေပြုလုပ်ခဲ့ပါတယ်။ကျွန်မခန္ဓာကိုယ်အလေးချိန်တွေ အလွန်အမင်းကျဆင်းသွားတုန်းကလည်း ပြုပြင်မှုတွေလုပ်ခဲ့ပါတယ်။
“Sping day ၊ The Queen `s classroom ”ဇာတ်လမ်းတွဲတွေနဲ့အောင်မြင် လာသောမင်းသမီးဂိုဟွမ်ဂျွန်သည်အသက် လေးဆယ်ကျော်သွားပေမဲ့ လည်းလှပနေဆဲပါပဲ။သူမကတော့သူမျက်နှာနဲ့ပတ်သတ်လို့ဟိုနားနည်းနည်း၊ ဒီနားနည်းနည်းတော့ပြင် ထားပါတယ်လို့ပြောပြခဲ့ပါတယ်။
ကင်ဆိုဟွမ်ကို ခွဲစိတ်ပြုပြင်ထားသလားဆိုတဲ့မေးခွန်းနဲ့ပတ်သတ် လို့တောင်ကိုးရီးယားစတားရဲ့အဖြေကတော့“ကျွန်တော်ခွဲစိတ်ဖို့မလို အပ်သေးပါဘူး။ကျွန်တော့်အသက်ငယ်ပါသေးတယ်။”

အခုချိန်မှာတော့တောင်ကိုးရီးယားသရုပ်ဆောင်အဆိုတော်တွေသည် ခွဲစိတ်ပြုပြင်ခြင်းတွေနဲ့ပတ်သတ်လို့အရင်တုန်းကထက်ပိုပြီး တော့ပွင့်လင်းမှုတွေရှိလာပါပြီ။Golden Cross စီးရီးတွင်ပါဝင်သရုပ်ဆောင်ခဲ့သော မင်းသမီးလီဆီယွန်၏မျက်နှာလေးသည် ဆယ်စုနှစ်တွေကျော် လွန်လာခဲ့ လည်းပြောင်းလဲသွားခြင်းတွေမရှိခဲ့ပါဘူး။“Flower Boys Next Door” စီးရီးတွင်ပါဝင်သရုပ်ဆောင်ထားသော မင်းသမီးကင်ရုံးဟေသည် သူမ၏မျက်နှာဗွီရှိတ်လေးဖြစ်ဖို့အတွက် သူမရဲ့မေးရိုးတွေကိုပြုပြင်ခဲ့ပါသည်။

တောင်ကိုးရီးယားနိုင်ငံမှာတော့ ခွဲစိတ်ပြုပြင်ခြင်းတွေသည်ထူးဆန်း လှတဲ့ကိစ္စတစ်ရပ်တော့မဟုတ်တော့ပါဘူး။အထူးသဖြင့်နှာခေါင်းနှင့် မျက်ရစ်တွေပေါ်လွင်အောင်ပြုပြင်တဲ့ခွဲစိတ်ခြင်းတွေသည်သမားရိုးကျ ကိစ္စရပ်တွေဖြစ်သွားပါပြီ။အနုပညာသရုပ်ဆောင်တွေ အတွက် ကတော့ ခွဲစိတ်ပြုပြင်ခြင်းတွေသည်သူတို့လုပ်ငန်းတွေအတွက်ရင်းနှီးမြှုပ်နှံခြင်း တစ်မျိုးပါပဲ။

သက်(ref: kdramastars)

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal?fref=nf

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ