မယ်ကမ္ဘာပြိုင်ပွဲသို့ဝင်မည့် မြန်မာအလှမယ်များ စင်ကာပူနှင့် ထိုင်းနိုင်ငံ၌ လေ့ကျင့်မှုများပြုလုပ်မည်



ရန်ကုန် စက်တင်ဘာ ၁၁

ကမ္ဘာ့အလှမယ်များ ပြိုင်ပွဲ၌ အခမ်းနားဆုံးနှင့် အကြီးကျယ်ဆုံး ပြိုင်ပွဲတစ်ခုဖြစ်သည့် မယ်ကမ္ဘာပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ပထမဦးဆုံးအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် Miss Myanmar World 2014 ဆန်ခါတင်အလှမယ် ၂ဝ သည် စင်ကာပူနှင့် ထိုင်းနိုင်ငံတို့၏ အထင်ကရနေရာများသို့ သွားရောက် လေ့လာမှုများပြုလုပ်ရန် ယခုလ စက်တင်ဘာ ၁၆ ရက်တွင် စတင် ထွက်ခွာမည်ဖြစ်ကြောင်း ပြိုင်ပွဲ ဖြစ်မြောက်ရေးကို တာဝန်ယူထားသည့် Forever BEC-Tero မှ သိရသည်။

စင်ကာပူနှင့် ထိုင်းနိုင်ငံများသို့ သွားရောက်လေ့လာကြမည့် Miss Myanmar World 2014 ဆန်ခါတင် အလှမယ်၂ဝ ကို သြဂုတ် ၂၅ ရက်က ချက်ထရီယမ်ဟိုတယ်၌ နောက်ဆုံးဆန်ခါတင် ရွေးချယ်ခဲ့ပြီး သြဂုတ် ၂၆ ရက်မှ စတင်ကာစခန်းသွင်း လေ့ကျင့်မှုများ ပြုလုပ်လျက် ရှိသည်။ Miss Myanmar World 2014 ဆန်ခါတင်အလှမယ်၂ဝ သည် စက်တင်ဘာ ၅ ရက်က ရွှေတိဂုံဘုရားတွင် သွားရောက် ကုသိုလ်ယူဖူးမြော် ရေသပ္ပာယ်ခဲ့ကြပြီး စက်တင်ဘာ ၆ ရက်တွင် ကန်တော်ကြီး Palace Hotel သို့ သွားရောက်လည်ပတ်၍ Activity များ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ယခု နောက်ဆုံးဆန်ခါတင် ရွေးချယ်ထားသည့် Miss Myanmar World 2014 ဆန်ခါတင်အလှမယ် ၂ဝ မှာ ခါးနံပါတ် (၁)ထက်ထက်ထွန်း၊ ခါးနံပါတ် (၂)သော်ရီကျော်၊ ခါးနံပါတ်(၃)အင်ကြင်းထူး၊ ခါးနံ ပါတ်(၄)မေမဒီခင်၊ ခါးနံပါတ်(၅) ဝိုင်းလေး၊ ခါးနံပါတ် (၆) ပိုးကြာဖြူ၊ ခါးနံပါတ်(၇)Patricia၊ ခါးနံပါတ် (၈)ထက်ထက်ဝင်း၊ ခါးနံပါတ်(၉) ချမ်းမြေ့သူ၊ ခါးနံပါတ်(၁ဝ) ငြိမ်းစုသာ၊ ခါးနံပါတ်(၁၁)ကေသရီ၊ ခါးနံ ပါတ်(၁၂)ယွန်းဟေသာ၊ ခါးနံပါတ် (၁၃) ခြူးနဒီခင်၊ ခါးနံပါတ် (၁၄)ခင်ရတနာဟိန်း၊ ခါးနံပါတ်(၁၅) လင်းချယ်ရီမိုး၊ ခါးနံပါတ် (၁၆) တင်စန္ဒာမျိုး၊ ခါးနံပါတ်(၁၇) ခေးဆက်သွင်၊ခါးနံပါတ်(၁၈) ယွန်းမီမီမောင်၊ ခါးနံပါတ် (၁၉) Anna၊ ခါးနံပါတ် (၂ဝ)Hayzel တို့ဖြစ်ကြသည်။

Miss Myanmar World 2014 ဆန်ခါတင်အလှမယ်၂ဝ အဖွဲ့သည် စင်ကာပူနိုင်ငံ Pantene စက်ရုံ၌ နှစ်ရက်ကြာ လေ့လာမှုများနှင့် လေ့ကျင့်မှုများပြုလုပ်ပြီး ထိုင်းနိုင်ငံ ဖူးခက်ခရိုင် Ahao Lak မြို့၌ ငါးရက်ကြာလေ့လာရေး နှင့်အတူ လေ့ကျင့်သင်ကြားမှုများ ပြုလုပ်မည်ဖြစ်ကာ စက်တင်ဘာ ၂၂ ရက် ညတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

''ဒီ Miss Myanmar World 2014 ဆန်ခါတင်အလှမယ် ၂ဝ အဖွဲ့ကို အဲဒီမှာပဲ Title ဆုနှစ်ဆု ဖြစ်တဲ့ Pantene က ချီးမြှင့်တဲ့ Miss Beauty ဆုနဲ့ Air Asia က ချီးမြှင့်တဲ့ Miss Personality ဆုတို့ကို ရွေးချယ်သွားမှာ ဖြစ်ပါတယ်''ဟု ပြိုင်ပွဲဖြစ်မြောက်ရေး စီစဉ်ပေးသည့် Frorver BEC- Tero မှ နေရှင်နယ် မန်နေဂျာ ကိုစိုးသူရက ပြောကြားသည်။

ယခုရွေးချယ်ထားသည့် Miss Myanmar World 2014 ဆန်ခါ တင်အလှမယ်၂ဝ ကို နောက်ဆုံး ပြိုင်ပွဲအနေဖြင့် စက်တင်ဘာ ၂၇ ရက် ည ၇ နာရီတွင် ရန်ကုန်မြို့Stream Hotel ၌ ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲတွင် Winner ဆုအပါအဝင် 1st Runner ၊ 2nd Runner၊ Miss Beauty၊ Miss Personality နှင့် Miss Photo-genic ဆုတို့ကို ချီးမြှင့်သွားမည်ဖြစ်၍ နောက်ဆုံးရွေးချယ်ခံရသည့် အလှမယ် Winner ဆုရှင်သည် ဒီဇင်ဘာလအတွင်း လန်ဒန်မြို့၌ ကျင်းပမည့် မယ်ကမ္ဘာပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။

မင်းခေတ်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS?fref=nf

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ