ချိုင့်ခွက်အားဖြတ်သန်းမောင်းနှင်စဉ် ဆိုင်ကယ်နောက်တွင်စီးနင်းလိုက်ပါသူ အမျိုးသမီးတစ်ဦး ပြုတ်ကျခဲ့သဖြင့် သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၇

၆.၉.၂၀၁၄ ရက်နေ့ ၁၂၃၀ အချိန်ခန့်တွင် လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင်(ဂ) နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် အမျိုးသမီးတစ်ဦး ဆိုင်ကယ်ပေါ်မှ
ပြုတ်ကျ၍ ဒဏ်ရာများရရှိကာ လှည်းကူးမြို့နယ်ဆေးရုံတွင် ဆေးကုသမှုခံယူ
နေကြောင်းသတင်းအရ သွားရောက်စစ်ဆေးခဲ့ပါသည်။

ထိုသို့ သွားရောက်စစ်ဆေးခဲ့ရာ ယင်းနေ့ ၁၀၂၀ အချိန်ခန့်က လှည်းကူးမြို့နယ်၊ ကြာအင်းကျေးရွာနေ ကိုမျိုးမင်းဦး၊ (၃၃)နှစ်သည် လှည်းကူးမြို့နယ်၊ ညောင်ပင်
ကျေးရွာနေ ဒေါ်အုန်းမြင့်၊ (၅၀)နှစ်နှင့် မောင်ဟန်ဇော်ထွန်း၊ (၄)နှစ်တို့အား Feeling-110 အမျိုးအစားဆိုင်ကယ်ဖြင့်တင်ဆောင်၍ လှည်းကူး-ငါးဆူတောင်
လမ်းအတိုင်း ငါးဆူတောင်ကျေးရွာဘက်မှ အမှတ်(၃)လမ်းဆုံဘက်သို့မောင်းနှင်
လာစဉ် ငါးမွေးမြူရေးလမ်းဆုံအကျော်အရောက် ချိုင့်ခွက်အားဖြတ်သန်းမောင်းနှင်
စဉ် ဟန်ချက်မထိန်းနိုင်ဖြစ်ကာ ဆိုင်ကယ်၏နောက်ဆုံးတွင် စီးနင်းလိုက်ပါလာသူ
ဒေါ်အုန်းမြင့်မှာ ဆိုင်ကယ်ပေါ်မှပြုတ်ကျခဲ့သဖြင့် နှာခေါင်းနှင့် နားတို့တွင်
သွေးထွက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရှိရပြီး ဆေးကုသမှုခံယူစဉ်
သေဆုံးသွားခဲ့ပါသည်။

ယင်းသို့ ဆိုင်ကယ်မဆင်မခြင်မောင်းနှင်သူ ကိုမျိုးမင်းဦးအား ညောင်နှစ်ပင်(ဂ)
နယ်မြေရဲစခန်း ယာဉ် (ပ)၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့်အမှုဖွင့်လှစ်ကာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ