ဆီးလမ်းကြောင်းကို ဘက်တီးရီးယားပိုးများဝင်ရောက်ခြင်းကြောင့် ဆီးနှင့်ပတ်သက်သည့်ရောဂါ ဝေဒနာကို ခံစားရရှိနိုင်ပါသည် ။
ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို အမျိုးသမီးများတွင် ပိုမိုဖြစ်ပွားလေ့ရှိသောရောဂါတစ်ခုလည်းဖြစ်ပါသည် ။ ခန္ဓာကိုယ့်ဖွဲ့ စည်းပုံအရကြောင့် အမျိုးသားထက် အမျိုးသမီးများတွင် ပိုမိုဖြစ်ပွားရခြင်းလည်းဖြစ်ပါသည် ။ နာတာရှည်ရောဂါဖြစ်ပွားနေခြင်းကြောင့် ဆီးလမ်းကြောင်းအတွင် ဆီးပိုက်ထည့်ထားသူလူနာများအနေဖြင့် ဆီးလမ်းကြောင်း ပိုးဝင်မှု့ ကို လွယ်ကူစေပါသည် ။ ဆီးလမ်းကြောင်းအတွင်း ဆီးပိုက်ထည့်ထားပါက သန့် ရှင်းမှု့ ကို အထူး ဂရုစိုက်ရန်လိုအပ်ပါသည် ။ ကျောက်ကပ်တွင် ကျောက်တည်ခြင်း ၊ ဆီလမ်းကြောင့် ပိတ်စို့ သည့် အကြောင်းများကြောင့် ဆီးလမ်းကြောင်းပိုးဝင်မှု့ များပြားတာကိုလည်း တွေ့ ရှိနေရပါသည် ။
ဆီးလမ်းကြောင်းပိုးဝင်ခဲ့လျှင် ဆီး ခဏခဏသွားချင်စိတ်ဖြစ်ခြင်း ၊ ဆီးသွားပြီးလျှင်လည်း အားမရဖြစ်ခြင်း ၊ ဆီးကျင်ခြင်း ၊ ဆီးပူခြင်း နှင့် ဆီးတွင်း သွေးပါလာတက်ခြင်းတို့ ဖြစ်ပေါ်တက်ပါသည် ။ တစ်ချို့ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကြောင့် ပြင်းထန်းခဲ့လျှင် ချမ်းစိမ့်စိမ့်ဖြစ်ပြီး ဖျားနာလာခြင်း ၊ ခေါင်းမူးခေါင်းနှောက်လာခြင်း ၊ အန်ခြင်းတို့ အဖြစ် ထပ်မံဖြစ်ပေါ်လာပါသည် ။ ဒီလိုအဖြစ်မျို့ ခံစားနေရလျှင် သာမန်အဖြစ်ဖြစ်နိုင်တယ်ဆိုပြီး အချိန်ကြာကြာ မနေသင့်ဘဲ ကုသသင့်ပါသည် ။
ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကြောင့် နောက်ဆက်တွဲ ဆိုးကျိုးအဖြစ်ပေါ်လာနိုင်သည့်က ကျောက်ကပ်သို ပိုးရောက်ရှိခြင်းကြောင့် ကျောက်ကပ်ယောင်တက်ပါသည် ။ တစ်ချို့ လူတွေမှာ ဆေးကုသခံယူပေမဲ့ သက်သာသွားတယ်ဆိုပြီး ပိုးသတ်သည့် သောက်ဆေးများကို ဆက်မသောက်ခြင်း ၊ ကုသမှု့ ဆက်လက် မလုပ်ဆောင်ခြင်း လုံးဝ မပြု့ လုပ်သင့်ပါ နောက်ပြန်လည်ဖြစ်ပေါ်လာတက်ပြီး ရောဂါပိုးသည် ဆေးယဉ်ပါးပြီး ကုသမှု့ ကြာရှည်တက်စေပါတယ် ။
အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် ဆီးလမ်းကြောင်းပိုးဝင်ခြင်း ဖြစ်တက်သဖြင့် အဓိကသန့် ရှင်းမှု့ အထူးပင် အရေးကြီးပါသည် ။
သင့်အနေဖြင့် ဆီးလမ်းကြောင်းပိုးဝင်ခဲ့လျှင် ရေများများ သောက်ပေးပါ ( ရေခဲရေ ၊ အအေးသောက်ခြင်း မပြု့ လုပ်ရ ) ၊ စပ်သော အစားအစာ လက်လုပ်ချဉ်များ ရှောင်ကျဉ်ပါ ၊ အရက် ဘီယာ ဂတ်စ်ပါသော အချိုရည် သောက်သုံးခြင်းရှောင်ပါ ၊ နာကျင်ကိုက်ခဲးနေပါက ဆီးစပ်နေရာတစ်ဝိုက်တွင် ရေနွေးအိတ် ကပ်ပေးခြင်း ၊ လတ်ဆတ်သောသစ်သီးဖျော်ရည် သောက်ပေးခြင်း ၊ ပြင်းထန်းသော အားကစား မပြု့ လုပ်ရခြင်း နှင့် ဆေးဝါးစနစ်တကျ ကုသခံယူခြင်းတို့ ဖြစ်ပါသည် ။
အသက်ရာကျော် ရှည်ပါစေ
Mg Mandalay
https://www.facebook.com/mg.mandalay?fref=ts
ဆီးလမ်းကြောင်းဆိုင်ရာ ပိုးဝင်လျှင်
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin