အရှိန်လွန်ကာ တစ်ဘက်ယာဉ်ကြောသို့ရောက်ရှိပြီး ယာဉ်တိုက်မှုဖြစ်ခဲ့သဖြင့် ဒဏ်ရာရ

ရန်ကုန်၊ ဇွန် ၃

၃.၇.၂၀၁၄ရက်နေ့ ၁၁၃၀အချိန် သာကေတမြို့နယ်၊ ယမုံနာလမ်းအတိုင်း အနောက်မှအရှေ့သို့ ပုဇွန်တောင်မြို့နယ်နေ ယာဉ်မောင်း ကိုတင်မောင်မြင့် (၃၅)နှစ် မောင်းနှင်လာသော DD/---တိုယိုတာ ပက်ဆို ဗင်အနက်ရောင် အငှားယာဉ်သည် အောင်သစ္စာလမ်းအလွန်အရောက် အရှိန်လွန်ကာ တစ်ဘက်ယာဉ်ကြောသို့ရောက်ရှိပြီး မျက်နှာချင်းဆိုင်မှမောင်းနှင်လာသော ၈က/---နီဆန်းဒီဇယ် ကွန်တိန်နာယာဉ်ကို တိုက်မိခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်း ကိုတင်မောင်မြင့်တွင် နဖူး၊ ဝဲမျက်ခုံး၊ မေးစေ့
နှင့်ရင်ဘတ်တို့၌ ပေါက်ပြဲနာကျင်ဒဏ်ရာများရရှိခဲ့၍ ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ် တင်ပို့ကုသခဲ့ရပါသည်။

ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ကိုတင်မောင်မြင့်အား သာကေတမြို့မ
ရဲစခန်းယာဉ်(ပ)၃၉/၂၀၁၄ ပြစ်မှုပုဒ်မ ၃၃၇/၂၇၉ဖြင့် အမှုဖွင့်အရေးယူ
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ