'မြန်မာကာယအလှမယ် အေးအေးစိုး Women's Athletic Physique ပြိုင်ပွဲတွင် ပထမဆုရရှိ

ရန်ကုန် ၊ ၁၈-၆-၂၀၁၄

စင်ကာပူနိုင်ငံ NUS Center ၌ ဇွန်လ ၁၃ ရက်မှ ၁၆ ရက်အထိ ကျင်းပခဲ့သော (၁၂) ကြိမ်မြောက် အရှေ့တောင် အာရှ ကာယဗလ နှင့် ကာယကြံ့ခိုင်မှု အားကစား တံခွန်စိုက် ပြိုင်ပွဲကြီး၏ Women's Athletic Physique ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် သွားရောက် ယှဉ်ပြိုင် ခဲ့သော ကာယအလှမယ် အေးအေးစိုး သည် ပထမဆု ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ကာယဗလ နှင့် ကာယ ကြံ့ခိုင်မှု အားကစား အဖွဲ့ချုပ် မှ သိရသည်။

" ၈ နိုင်ငံ ပြိုင်ပွဲမှာ နိုင်ငံ ကိုယ်စားပြု ပထမဆု ရရှိခဲ့တာကို အရမ်းဝမ်းသာ ပီတ ဖြစ်မိပါတယ် ၊ ကျင်းပတဲ့ အိမ်ရှင် နိုင်ငံက အရမ်းကောင်း နေတော့ ပထမရဖို့ မမျှော်လင့်ရဲ ခဲ့ပေမယ့် အကောင်းဆုံး ကြိုးစား နိုင်ခဲ့ပါတယ် ၊ သူများ နိုင်ငံတွေက တစ်နှစ်ထက် တစ်နှစ် ပိုကောင်း လာတာကိုလည်း တွေ့ရပါတယ် ၊ အခု ပြိုင်ပွဲမှာ ပထမဆု ရခဲ့တာ ယခင် လေ့ကျင့်ခဲ့တဲ့ လေ့ကျင့်ခန်း တွေရဲ့ အကျိုး ရလဒ်တစ်ခု ဖြစ်ပါတယ် ၊ ရှေ့ဆက်ပြီး တော့လည်း အကောင်းဆုံး ကြိုးစားမှာပါ ... " ဟု ပထမဆုရ ကာယအလှမယ် မအေးအေးစိုး က ပြောကြား ခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် မြန်မာနိုင်ငံ အပါအ၀င် အိမ်ရှင် စင်ကာပူ ၊ မလေးရှား ၊ ကမ္ဘောဒီးယား ၊ အင်ဒိုနီးရှား ၊ ဗီယက်နမ် ၊ ထိုင်း နှင့် ဖိလစ်ပိုင် နိုင်ငံတို့မှ ပါဝင် ယှဉ်ပြိုင်ခဲ့သော အမျိုးသမီး ၁၆၅ စင်တီမီတာ အောက် Women's Athletic Physique ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် အေးအေးစိုး မှ ပထမဆု ရရှိခဲ့ပြီး စင်ကာပူ မှ ဒုတိယ ၊ ဗီယက်နမ်မှ တတိယ နှင့် အင်ဒိုနီးရှား မှ စတုတ္ထဆု ရရှိခဲ့ကြောင်း သိရသည်။

ထပ်မံ၍ ၁၆၅ စင်တီမီတာ အထက် Women's Model Physique ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု နန်းထက်ထက်လင်းက ဒုတိယဆု ရရှိခဲ့ပြီး ထိုင်းနိုင်ငံမှ ပထမ ၊ အင်ဒိုနီးရှား မှ တတိယဆု ရရှိခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အမျိုးသမီး ၁၆၅ စင်တီမီတာအောက် Women's Model Physique ပြိုင်ပွဲတွင် မြန်မာ ကိုယ်စားပြု ဟေမာန်နှင်းက အကောင်းဆုံး ၅ ဦးတွင် အဆင့်လေး ရရှိခဲ့သည်။

ပြိုင်ပွဲတွင် အသင်းလိုက် တံခွန်စိုက် ပထမဆု အား အိမ်ရှင် စင်ကာပူ နိုင်ငံမှ ရရှိပြီး ဒုတိယဆု ထိုင်းနိုင်ငံ နှင့် တတိယဆု ဗီယက်နမ် နိုင်ငံတို့မှ အသီးသီး ရရှိခဲ့ကြသည်။ (၁၂) ကြိမ်မြောက် အရှေ့တောင် အာရှ ကာယဗလ မောင်ဆုကို ထိုင်းနိုင်ငံမှ Vachara Sasrisank က ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ကာယဗလ နှင့် ကာယ ကြံ့ခိုင်မှု အားကစား အဖွဲ့ချုပ် မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရှိရသည်။

မောင်မျိုး (ဧရာဝတီ)
The Myawady Daily




မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ