အာဖဂန်နစ္စတန်တွင် မဲပေးသူများ၏ လက်ချောင်းများကို တာလီဘန် များဖြတ်တောက်ခဲ့

 
The Taliban Cut Off the Fingers of 11 Afghan Voters


ကဘူးလ် ၊ ၁၇-၆-၂၀၁၄

အာဖဂန်နစ္စတန် နိုင်ငံ၌ ကျင်းပခဲ့သော သမ္မတ ရွေးကောက်ပွဲတွင် ဆန္ဒမဲ မပေးကြရန် တာလီဘန် စစ်သွေးကြွ များက ထုတ်ပြန် ခဲ့သည့် အမိန့်ကို အာခံပြီး ပါဝင် မဲပေးခဲ့ကြသည့် အာဖဂန် နိုင်ငံသား ၁၁ ဦး၏ လက်ချောင်း များကို အဆိုပါ စစ်သွေးကြွ များက ဖြတ်တောက် ခဲ့ကြောင်း အာဖဂန် ပြည်ထဲရေး ၀န်ကြီးဌာန မှ ဒုတိယ ၀န်ကြီး အာယုတ် ဆာလန်ဂီ က ပြောကြား ခဲ့သည်ဟု သိရသည်။

အဆိုပါ ထိန်လန့်ဖွယ် ကောင်းသော ဖြစ်ရပ်သည် ဟီရတ်ပြည်နယ် တွင် ဇွန်လ ၁၅ ရက်က ဆန္ဒမဲ ပေးပြီး နေအိမ်သို့ ပြန်လာသည့် အမျိုးသားကြီး ၁၁ ဦး၏ လက်ချောင်း များကို တာလီဘန် စစ်သွေးကြွ များက ဖြတ်တောက် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တာလီဘန် စစ်သွေးကြွ များသည် မဲဆန္ဒ ပေးပွဲများကို နှောင့်ယှက် ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ခဲ့ပြီး နိုင်ငံတစ်ဝန်းတွင် အသေးစား တိုက်ခိုက်မှုများ လုပ်ဆောင် ခဲ့ကြောင်း ၊ ယင်း တိုက်ခိုက်မှု များကြောင့် ပြည်သူ ၄၆ ဦးခန့် သေဆုံး ခဲ့ကြောင်း အစီရင်ခံ တစ်စောင်တွင် ဖော်ပြ ထားသည်။

တာလီဘန် စစ်သွေးကြွ များက ခြိမ်းခြောက်မှုများ လုပ်ဆောင် ထားသော်လည်း အာဖဂန်နစ္စတန် နိုင်ငံတွင် ဆန္ဒမဲ ပေးသူ အရေအတွက်သည် မျှော်မှန်း ထားသည်ထက် ပိုမို များပြား ခဲ့ကြောင်း သိရှိရသည်။

#PyiChitThar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ