'ရေခဲသေတ္တာ safe guard အပူလွန်ကဲရာမှ ရှော့ဖြစ်ကာ မီးလောင်မှုဖြစ်

ရန်ကုန်၊ ဇွန် ၁၄

၁၄.၆.၂၀၁၄ ရက်နေ့ ၀၀၃၀ အချိန် သာကေတမြို့နယ်၊ ၇/အရှေ့ရပ်ကွက်၊ အောင်သပြေ(၅)လမ်းရှိ ဦးအောင်မြင့်(ခ)ဦးအေးမြင့်၏ နေအိမ်တွင် ရေခဲသေတ္တာ safe guard အပူလွန်ကဲရာမှ ရှော့ဖြစ်ကာ မီးစတင် လောင်ကျွမ်းခဲ့ပြီး ပတ်ဝန်းကျင်ရှိနေအိမ်များသို့ကူးစက်လောင်ကျွမ်းခဲ့ရာ ပြည်သူများနှင့် မီးသတ်ယာဉ်များ ရောက်ရှိငြှိမ်းသတ်ခဲ့သဖြင့် ၀၀၄၅ အချိန် မီးငြိမ်းသွားခဲ့ပါသည်။

မီးလောင်မှုကြောင့် နေအိမ်(၆)လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး ၀ိုင်းဝန်း မီးငြှိမ်းသတ်သူများဖြစ်သည့် ၎င်းလမ်းနေ ကိုရဲဝင်းအောင်တွင်ဝဲ၊ယာပါးနှင့် လက်မောင်းတို့၌ မီးလောင်ဒဏ်ရာ၊ ကိုမျိုးမင်းဇော်တွင် ယာလက်မောင်း၌ မီးလောင်ဒဏ်ရာတို့ရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ(မစိုးရိမ်ရ)များအဖြစ်ကုသခဲ့ရပါသည်။

ယင်းသို့မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် ဦးအောင်မြင့်(ခ)ဦးအေးမြင့် အား သာကေတနယ်မြေရဲစခန်း (ပ)၃၄၁/၂၀၁၄၊ပြစ်မှုပုဒ်မ ၂၈၅/၃၃၇/၃၃၈ ဖြင့်အမှုဖွင့်အရေးယူဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police



မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ