တရားရုံးအချုပ်သို့ ဧည့်တွေ့လာသူထံမှ စိတ်ကြွဆေးပြားများဖမ်းဆီးရမိ

ရန်ကုန်၊ ဇွန် ၁၄

၁၃.၆.၂၀၁၄ ရက်နေ့ ၁၅၄၅ အချိန် အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းမှတ်တမ်းတာဝန်ခံ အရာရှိနှင့် အဖွဲ့သည် အရှေ့ပိုင်းခရိုင်
တရားရုံးအချုပ်ခန်းတွင် လုံခြုံရေးတာဝန်ဆောင်ရွက်နေစဉ် အရှေ့ပိုင်း
ခရိုင် တရားရုံး၊ ပြစ်မှုကြီးအမှတ် (၉၃/၂၀၁၃)၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/
၂၁ ဖြင့် တရားရုံးစစ်ဆေးဆဲအမှုမှ တရားခံ နန္ဒလင်းထံသို့ ဧည့်တွေ့
လာရောက်သည့်ညီဖြစ်သူ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နေ
ရဲသိန်းထွန်းအောင်၊ (၂၃) နှစ်၊ (ဘ)ဦးစိန်မာဒင်အား မသင်္ကာသဖြင့် စစ်ဆေးရှာဖွေခဲ့ပါသည်။

ထိုသို့စစ်ဆေးရှာဖွေရာ ရဲသိန်းထွန်းအောင်၏ ပါးစပ်အတွင်းမှ ပလပ်စတစ်အကြည်အိတ်ဖြင့်ထည့်လျက် WY စာတမ်းပါ ပန်းရောင်
စိတ်ကြွရူးသွပ်ဆေးပြား (၅၀)ပြား၊ အလေးချိန်(၅)ဂရမ်၊ ကာလတန်ဘိုး
ငွေကျပ် (၂၀၀၀၀၀)အားတွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။

ယင်းသို့မူယစ်ဆေးဝါးများ တွေ့ရှိဖမ်းဆီးရမိသဖြင့် ရဲသိန်းထွန်းအောင်
အား သုဝဏ္ဏနယ်မြေရဲစခန်း မယ(ပ)၇/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ