Box Office ထိပ်ဆုံးနေရာကို သိမ်းပိုက်ခဲ့သည့် Maleficent

Box Office ထိပ်ဆုံးနေရာကို သိမ်းပိုက်ခဲ့သည့် Maleficent ပြီးခဲ့သည့် သီတင်းပတ်က စတင်ရုံတင်သည့် Dinsey၏ ရုပ်ရှင်သစ်သည် အမေရိကန်နှင့် ကနေဒါတို့တွင် ဒေါ်လာသန်း(၇၀)ကျော် ရုံဝင်ကြေး ရရှိခဲ့ပြီး တစ်ပတ်တာ ဝင်ငွေအကောင်းဆုံး ရုပ်ရှင်များစာရင်း Box Officeကို ဦးဆောင်ခဲ့ခြင်း ဖြစ်သည်
  အန်ဂျလီနာဂျိုလီ ဦးဆောင်ပါဝင်သည့် ဇာတ်ကားသစ် Maleficentသည် စတင်ရုံတင်သည့် သီတင်းပတ်တွင် Box Office၏ ထိပ်ဆုံးနေရာကို သိမ်းယူလိုက်နိုင်ကြောင်း သိရသည်။ ပြီးခဲ့သည့် သီတင်းပတ်က စတင်ရုံတင်သည့် Dinsey၏ ရုပ်ရှင်သစ်သည် အမေရိကန်နှင့် ကနေဒါတို့တွင် ဒေါ်လာသန်း(၇၀)ကျော် ရုံဝင်ကြေး ရရှိခဲ့ပြီး တစ်ပတ်တာ ဝင်ငွေအကောင်းဆုံး ရုပ်ရှင်များစာရင်း Box Officeကို ဦးဆောင်ခဲ့ခြင်း ဖြစ်သည်။ အသက်(၃၈)နှစ်အရွယ် မင်းသမီး ပါဝင်သရုပ်ဆောင်ဖူးသမျှ ဇာတ်ကားအားလုံးအနက် Box Office၏ အဖွင့်သီတင်းပတ်ဝင်ငွေ အကောင်းဆုံး စံချိန်ကိုလည်း Maleficentဖြင့် ရရှိလာခြင်း ဖြစ်သည်။

Disney၏ ရုပ်ရှင်သည် သမားရိုးကျ အိပ်ရာဝင်ပုံပြင် တစ်ခုကို အလှည့်အပြောင်း ပြုလုပ်ပြီး ဗီလိန်ဇာတ်ရုပ် စုန်းမကြီး Maleficent၏ ဘဝကို အသားပေး တင်ပြထားခြင်း ဖြစ်သည်။ အဆိုပါ ဇာတ်ကားတွင် Maleficentအဖြစ် အန်ဂျလီနာက ပါဝင် သရုပ်ဆောင်ပြီး သူမ၏ အရှိန်အဝါကြောင့် အမှန်တကယ် ရုံမတင်မီ ကတည်းက ပရိသတ်များ၏ အာရုံကို ဖမ်းစားထားနိုင်ခဲ့သည်။ “ပြောရမယ် ဆိုရင်တော့ ဇာတ်ကားတစ်ကားလုံးက အန်ဂျလီနာရဲ့ စွမ်းဆောင်မှုတွေကို အခြေခံပြီး အနိမ့်အမြင့် အတက်အကျ ပြောင်းလဲနေတာပဲ ဖြစ်ပါတယ်”ဟု Box Office လေ့လာသူ ပေါလ်ဒါဂါရာဘီဒီယန်က ပြောကြားခဲ့သည်။ Disneyသည် ၎င်းတို့၏ အိပ်ရာဝင် ပုံပြင်ဆန်ဆန် ဇာတ်လမ်းများကို ရုပ်ရှင်အဖြစ် အသက်သွင်းရာတွင် Maleficentက သမိုင်းတစ်လျှောက် တတိယမြောက် အဖွင့်သီတင်းပတ် ဝင်ငွေအကောင်းဆုံး ဇာတ်ကားအဖြစ် ရပ်တည်နိုင်ခဲ့သည်။

(၂၀၁၀)ပြည့်နှစ်က Alice In Wonderlandကို ရုံတင်ရာတွင် ပထမဆုံး သီတင်းပတ်၌ ဒေါ်လာ(၁၁၆)သန်း ရရှိခဲ့ပြီး Oz the Great and Powerful ဇာတ်ကားကမူ အဖွင့်သီတင်းပတ် ရုံဝင်ကြေး (၇၉.၁)သန်းမျှ ရှိခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ် Box Officeကို ဦးဆောင်သည့် X-Men ဇာတ်ကားသစ် Days  of Future Pastကမူ ဒေါ်လာ(၃၂.၆)သန်း ရုံဝင်ကြေး ရရှိပြီး ယခုသီတင်းပတ် ဒုတိယနေရာတွင် ရှိနေသည်။ A Millions Ways to Die in the Westက ဒေါ်လာ (၁၇)သန်းဖြင့် တတိယ ချိတ်ခဲ့ပြီး Godzillaနှင့် Blendedတို့က ဒေါ်လာ (၁၂.၂)သန်း၊ ဒေါ်လာ (၈.၄)သန်းစီ အသီးသီး ရရှိကာ Box Office၏ ထိပ်ဆုံး(၅)နေရာတွင် ပါဝင်ရပ်တည်ခဲ့သည်။

Planet Myanmar Network.

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ