လက်ထပ်ပြီးကြောင်း သတင်းများကို ငြင်းဆန်ခဲ့သည့် ကယ်လီဘရွတ်ခ်

လက်ထပ်ပြီးကြောင်း သတင်းများကို ငြင်းဆန်ခဲ့သည့် ကယ်လီဘရွတ်ခ် ကယ်လီက သူမနှင့် ဒေးဗစ်တို့သည် မင်္ဂလာပွဲ တစ်ခုသို့ တက်ရောက်ခဲ့ပြီး သတို့သား ဖြစ်သူကို ရင်းနှီးသည့် သဘောဖြင့် ခင်ပွန်းသည်ဆိုသော စကားလုံး သုံးနှုန်းညွှန်းဆိုခဲ့ခြင်းဟု ဖြေရှင်းခဲ့သည်
  အိမ်ထောင်သည် ဘဝကို ခံယူခဲ့ပြီးဖြစ်ကြောင်း ကောလာဟလ သတင်းများအား ကယ်လီဘရွတ်ခ်က ငြင်းဆိုသွားခဲ့သည်။ ပြီးခဲ့သည့် သောကြာနေ့က ကယ်လီသည် ခင်ပွန်းသည်ဆိုသော အသုံးအနှုန်းကို Instagramတွင် ရေးသားခဲ့ပြီးနောက် သူမနှင့် ချစ်သူ ဒေးဗစ်မက်ကင်တော့ရှ်တို့ လက်ထပ်ဖြစ်ခဲ့ပြီဟု သုံးသပ်မှုများ ပျံ့နှံ့လာသည်။ သို့သော်လည်း နောက်ပိုင်းတွင် ကယ်လီက သူမနှင့် ဒေးဗစ်တို့သည် မင်္ဂလာပွဲ တစ်ခုသို့ တက်ရောက်ခဲ့ပြီး သတို့သား ဖြစ်သူကို ရင်းနှီးသည့် သဘောဖြင့် ခင်ပွန်းသည်ဆိုသော စကားလုံး သုံးနှုန်းညွှန်းဆိုခဲ့ခြင်းဟု ဖြေရှင်းခဲ့သည်။ မင်္ဂလာပွဲတွင် သူမတို့ စုံတွဲဓာတ်ပုံကို ကယ်လီက လွှင့်တင်ခဲ့ပြီး “ကျွန်မရဲ့ ခင်ပွန်းသည်ကို ကြည့်ရတာ တော်တော်ပျော်နေပုံပဲ”ဟု ရေးသားထားခဲ့သည်။

နောက်ပိုင်းတွင် ခန့်မှန်းသတင်းများ ကျယ်ပြန့်လာသည့်နောက် ကယ်လီက ပြင်သစ်သို့ မင်္ဂလာပွဲ တက်ရောက်ခဲ့ခြင်းနှင့် ပတ်သက်ပြီး ပြန်လည် ရှင်းလင်းခဲ့သည်။ “မင်္ဂလာပွဲနေ့၊ ဒါပေမဲ့ ကျွန်မတို့တော့ မဟုတ်ဘူး! Lol”ဟု အသက်(၃၄)နှစ်အရွယ် မော်ဒယ်လ်က Instagramတွင် ရေးသားခဲ့သည်။ သူမသည် သတို့သား ဒေးဗစ်ဂရစ်ဖစ်သ်စ်နှင့် သတို့သမီး လော်ရန်တော့ဘ်တို့၏ ဓာတ်ပုံကိုလည်း လွှင့်တင် ဂုဏ်ပြုခဲ့သေးသည်။ တော်ဝင် မရိန်းတပ်ဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်သည့် ဒေးဗစ်နှင့် ဗြိတိသျှ မော်ဒယ်လ် ကယ်လီတို့သည် လက်တွဲလိုက်၊ လမ်းခွဲလိုက် ဆက်ဆံရေးမျိုး ရှိနေပြီး လတ်တလောတွင် ဒေးဗစ်က ကယ်လီအား လက်စွပ်မပါဘဲ လက်ထပ်ခွင့် တောင်းခံထားကြောင်း နီးစပ်သူများက ပြောဆိုထားကြသည်။

Planet Myanmar Network.

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ