“အနုပညာရှင်တွေ ဟာ ပြည်သူတွေရဲ့ ကြေးမုံ ပြင်ပဲ” ဟုဆိုလာသူ အကယ်ဒမီဆု များရှင် ဒေါ်ဝါဝါဝင်းရွှေ"

 မြန်မာ့ ရုပ်ရှင် လောက သရုပ်ဆောင် အနုပညာ နယ်ပယ်တွင် ကိုယ်ပိုင်ခေတ် တစ်ခေတ်ကို ထူထောင်နိုင်ခဲ့ သူလည်း ဖြစ် အကယ်ဒမီဆု များရှင် လည်းဖြစ် သည့် ဒေါ်ဝါဝါဝင်းရွှေ က ယနေ့ခေတ် ရုပ်ရှင် ဗီဒီယိုလောက၌ ဖြစ်ပေါ်လေ့ ရှိတတ်သည့် အကြောင်း ကိစ္စများ အပေါ် ကိုယ်တိုင် ဖြတ်သန်း ခဲ့ရသည့် ခေတ်ကာလ အခြေ အနေ များဖြင့် နှိုင်းယှဉ်ကာ ပြောပြခဲ့ပါသည်။

အန်တီဝါ တို့ခေတ် က ဆင်ဆာ တင်းကျပ်မှု နှင့် ယခု ခေတ်ဆင် ဆာ ဖြတ်တောက် မှု အပေါ် ကွာခြားမှု အခြေအနေ ထင်မြင် ယူဆ ချက်များကို မေးကြည့်ရာ

“အန်တီဝါ တို့ ခေတ်က ဆင်ဆာ တော်တော်တင်း ကျပ်ခဲ့တယ်။ မင်းသားတွေတောင် ဆံပင်ကို အနောက်က ကော်လံ နဲ့ ထောက်ရင် ရိုက်ပြီးသား ဖလင်တွေ ကို အကုန်ဖျက် ရ တယ်။ ဆံပင် ကော်လံ မထောက် ရဘူး။ အမျိုး သမီးတွေ ဆိုရင်လည်း လည်ပင်းထိ ကြယ်သီးစေ့ ရမယ်။ မဟရဘူး။ အဲဒီလောက် တင်းကျပ်ခဲ့တယ်။ အခု ကျတော့ ဆင် ဆာတွေ လျှော့ တာ မှန်ပေမယ့် ထိန်းသိမ်းတဲ့ အနေနဲ့ထဘီ တိုတို၊ ဂါဝန် တိုတိုကို လျှော့ပြီး ရိုက် သင့်တာပေါ့။ ရိုက်ကူးတဲ့ လူတွေ ရော၊ အနုပညာရှင်တွေ မှာရော အဲဒီ လို လုပ်ရင် ပြည်သူတွေက လိုက်ပြီး အတုခိုးတယ် ဆိုတဲ့စကားက အန်တီ ဝါတို့ လက်ဦး ရှေးဆရာသမားတွေ ခေတ်က တည်းကပါပဲ။ အနုပညာရှင် တွေ လုပ်တဲ့ အတိုင်း ပြည်သူတွေ လိုက် လုပ်တယ် ဆိုတာ အနုပညာရှင် က ပြည် သူတွေ ရဲ့ ကြေးမုံပြင် ပဲလေ။ ဝါဝါဝင်းရွှေ တစ်ပတ်ခွေ ဆံထုံး၊ လက်ရှည်၊ ထဘီရှည် ဆိုရင် ဝါဝါဝင်းရွှေ ဆိုရင် ဒါက ကောင်းတဲ့ အတု ခိုးခြင်းပဲ” ဟု ပြောပြပါသည်။

ယခု လတ်တလော မြန်မာရုပ်ရှင် နှင့် ဗီဒီယိုဈေးကွက် ကနေ အသံအ ကြားရဆုံး ပြဿနာက ဘာများလဲဟု မေးကြည့်ရာ

“အခုက ပြဿနာ ဆိုရင် ဇာတ် လမ်း တစ်ပုဒ် တည်းကိုပဲ ဟို ကုမ္ပဏီကို လည်းပေးတယ်။ ဒီ ကုမ္ပဏီကို လည်းပေးတယ်။ နည်း နည်းလေးပဲ ကွာကြတယ်။ ပွားလိုက် တဲ့သဘောပေါ့။ မသိတဲ့ ကုမ္ပဏီက ရိုက်တယ်။ ထွက်လာတော့ ဘာမှ မကွာတော့ဘူး။ ဆင်တူ ယိုးမှား ထွက်လာ တာ တွေ့ ဖူးတယ်။ ပရိသတ် မပြောနဲ့ ကိုယ်တိုင်လည်း ရုပ်ရှင် ကြည့်တာပဲ။ ကြည့်တာ နဲ့ကို တန်း သိတယ်။ ကြည့်ပြီးသား နဲ့ တူလိုက်တာ။ တူတူပဲ ဆိုတဲ့ စကား တွေ ထွက် လာတော့တာပဲ။ အန်တီဝါ ကတော့ ဒါကို အနုပညာ အပေါ် သစ္စာ မရှိဘူးလို့ ဆိုချင်တာပဲ။ ဇာတ် လမ်းကောင်းတွေ တစ်ပုံကြီး ရှိပါ တယ်။ အန်တီဝါ တို့ခေတ်က အနု ပညာကို ဦးစားပေးတယ်။ အခုဆို ရင် ဆင်ဆာတွေ လျှော့ချလိုက်တာ မှန်တယ် ဆိုပေမယ့် ကိုယ် ကလည်း ဘောင် အတွင်းမှာပဲ လုပ်ရင် ကောင်း မယ်။ မြန်မာ ဇာတ်ကားတွေထဲ မှာ ရင့်သီးတဲ့ စကားတွေ၊ အပြော အဆို တွေ မလုပ်သင့်ဘူး။ ကောင်းတဲ့ ဘက်မှာ ဆင်ဆာ လွတ်လပ်ခွင့်ကို အသုံးပြုကြပါ။ ရုပ်ရှင်လောကကျ ဆင်းတာ မှန်တယ်။ အန်တီဝါ လက်ခံတယ်။ ဝါဝါဝင်းရွှေ တို့ခေတ်က ဆိုရင် ဇာတ်လမ်း ဇာတ်ကွက် တစ်ခု ကို ပြန်ပြီးခိုးလို့ မရအောင်ကို ဖြစ်နေတော့ လေ။ အဲဒီလို ရိုက်ကူး ကြတာ” ဟု ပြောပြခဲ့သည်။

ထို့နောက်တွင် ရုပ် ရှင်လောက ပြန်လည် ဦးမော့လာရန် ဝိုင်းဝန်း ကြိုး ပမ်းနေ ကြချိန်မှာ ဈေး ကွက် ပျောက်ကွယ် သလောက်ဖြစ် နေပြီဆိုသည့် ဗီဒီယို အခြေအနေနှင့် ပတ်သက်ပြီး အန်တီဝါက

“ဗီဒီယို ဆိုတာ နိုင်ငံတကာ မှာ မရှိဘူး။ ဘာ ဖြစ် လို့ မြန်မာမှာပဲ ရှိနေသလဲ။ ဒါမေးစရာ ရှိတာပေါ့။ ရုပ်ရှင်ကား ကြီးတွေ ရိုက်ရင် ဖလင်က တအား ကုန် တယ်။ စီးပွားရေး လုပ်တဲ့ သူတွေ က ပိုရင်း ရတာပေါ့။ အဲဒါကနေ တစ်ဆင့် ဗီဒီယို ကားအသေးတွေ ထွက်လာ၊ နောက်ပိုင်း ရုပ်ရှင် ကားကြီးတွေက တစ်နှစ်လုံးမှ ၁ဝ ကားကျော် ဆိုတော့ ရုပ်ရှင်ကားကြီး တွေ လုံးဝအထွက် နည်းလာတယ်။ အနုပညာရှင် ဝါရင့်တွေရော၊ ဝါလတ် တွေရော၊ ဝါနုတွေရော အနုပညာ ဖန်တီးမှု မဟုတ်တော့ဘဲ နဲ့ စီးပွား ရေး သဘောဆန်သွား တဲ့အတွက် ကြောင့် အဲဒီလိုပဲ ထင်ပါတယ်။ ဗီဒီယို မရှိရဘူး။ ချက်ချင်းတော့ မရှိလို့ မရဘူး။ နိုင်ငံတကာကို မြန်မာ့ရုပ်ရှင် ထိုးဖောက်ဖို့ ဆိုတာ အဲဒါ ချက်ချင်း ထိုးဖောက်လို့မရဘူး။ အချိန် ကာလ တစ်ခုကို ပြန် ယူပြီး ကောင်းအောင် လုပ် ပြီးမှ ထိုးဖောက် သင့်တယ်။ အဲဒီအချိန် ကို တော် တော်ပြန်ယူရမယ်။ လောလောဆယ် တော့ ဒီကြားမှာ ဗီဒီယိုတော့ ရှိနေဦး မှာပဲ”ဟု ပြောပြခဲ့ပါသည်။

မြန်မာ့ ရုပ်ရှင်လောကကြီး ပြန်လည်ဦးမော့ တိုးတက် လာဖို့ အတွက် တစ်ဦးတစ် ယောက် အနေဖြင့် လုပ်ဆောင်၍ မရနိုင်ကြောင်း၊ ရုပ်ရှင်လောက သား ဟူသမျှ အနုပညာကို ချစ်မြတ်နိုး သည့် စိတ်ထားနှင့် အားထုတ် ကြိုး ပမ်းကြစေချင်ကြောင်း၊ ကောင်းမွန် သည့် ဇာတ်လမ်း များကို ဖန်တီးပြီး အဓိပ္ပာယ် ပြည့်ဝ၍ အနှစ်သာရ ရှိ သည့် ဇာတ်လမ်းများ ရိုက်ကူးကာ အနုပညာ စိတ်ရင်းကောင်း များထား ကာ လုပ်ဆောင် ကြစေ လိုကြောင်း ဒေါ်ဝါဝါဝင်းရွှေ က တိုက် တွန်းပြော ကြားခဲ့ပါသည်။

ထူးထူး
Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ