ဓာတ်ပုံ−နစ်ကီ |
အက်စစ်၊ သီအိုရီစသည့် အဖွဲ့များအပါအဝင် ဖျော်ဖြေပွဲ များတွင် တွေ့ရလေ့မရှိသည့် ကြက်ဖ၊ရသတို့လည်း ပါဝင်သီဆို ခဲ့ကြပြီး ဂျေမီ၊ ဂျီတုန်း၊ အားတီ၊ ချမ်းချမ်း၊ ပိုပို၊ အိမ့်ချစ်တို့ပါဝင်သီဆိုခဲ့သလို ဟစ်ဟော့ပ်အဆိုတော်အသစ်များလည်း ပါဝင်သီ ဆိုခဲ့ကြသည်။
ဖျော်ဖြေပွဲကို ညနေ ၆ နာရီခန့်တွင် စတင်ခဲ့ခြင်းဖြစ်ကာ ပွဲစတင်ချိန်က လူနည်းခဲ့သော် လည်း ပရိသတ်များ တဖွဲဖွဲဖြင့် ထပ်မံရောက်ရှိလာ၍ ည ၉ နာရီခန့်တွင် ပွဲကျင်းပသည့် Myanmar Event Park ခန်းမအတွင်း နေရာ အပြည့်နီးပါးဖြစ်လာသည်။
ဟစ်ဟော့ပ်ကိုသာအားပေး သော ပရိသတ်များမှာ ၎င်းတို့ အားပေးလိုသည့် အနုပညာရှင် မဖျော်ဖြေမီ ပွဲကျင်းပသော ခန်းမ အပြင်ဘက်တွင် ထိုင်သူများရှိ သလို ခန်းမအတွင်း၌လည်း ထိုင် ၍ အားပေးနေကြသည်။
သို့သော်လည်း ဂျေမီဖျော် ဖြေသည့်အချိန်မှစတင်၍ ပရိ သတ်အားလုံး ပိုမိုတက်ကြွစွာ အားပေးခဲ့ပြီး ဂျေမီကလည်း ၎င်း ၏ သီချင်းများကို Non Stop ပုံစံ ဖြင့် ဆက်တိုက်သီဆိုခဲ့သည်။
ဂျေမီဖျော်ဖြေမှုအပြီးတွင် အက်စစ်အဖွဲ့ဖျော်ဖြေမှုအဖြစ် ၎င်းတို့အောင်မြင်ခဲ့သော သီချင်း များကို သီဆိုခဲ့ရာ ပရိသတ်များ၏ အားပေးမှု ပိုမိုမြင့်တက်လာခဲ့ သည်။ အက်စစ်အဖွဲ့ဝင် ဇေယျာ သော်မှာမူ ပုဒ်မ ၄၃၆ ပြင်ဆင် ရန် အလှုပ်ရှုပ်နေသောကြောင့် မပါဝင်နိုင်ကြောင်း အနဂ္ဂက ပြောကြားခဲ့ရာ ပရိသတ်များလက်ခုပ် တီးအားပေးခဲ့သည်။
ရန်ရန်ချန်းကလည်း ဖျော် ဖြေပွဲအနေဖြင့် မသီဆိုသည်မှာ ကြာပြီဖြစ်ပြီး ပထမဆုံးပြန်လည် ပြုလုပ်သည့်ဖျော်ဖြေပွဲကို ယခု ကဲ့သို့ လာရောက်အားပေးသော ကြောင့် ကျေးဇူးတင်ကြောင်း ပရိ သတ်များပြောကြားခဲ့သလို ထပ် မံပြုလုပ်မည့်ပွဲများတွင်လည်း ယခုထက်ကောင်းမွန်သည့် တင် ဆက်မှုများဖြင့် ဖျော်ဖြေပေးမည် ဟု ပြောသည်။
၎င်းတို့၏ သီဆိုဖျော်ဖြေမှု အပြီးတွင် သီအိုရီအဖွဲ့က ဆက် လက်ဖျော်ဖြေပေးခဲ့ပြီး သားစိုးက လည်း မကြာမီထွက်ရှိမည့် တစ် ကိုယ်တော်ခွေမှ သီချင်းတစ်ပုဒ် ဖြင့် သီဆိုဖျော်ဖြေပေးခဲ့သည်။
ထို့နောက် ပြိုင်ဘက်နှစ် ဦးဖြစ်သော အနဂ္ဂနှင့် ဘာဘူ တို့က ဆက်လက်ဖျော်ဖြေခဲ့ပြီး ယခုဖျော်ဖြေပွဲအတွက် ၎င်းတို့ နှစ်ဦးဖန်တီးထားသော အကျင့် ပြောင်းမှ ခေတ်ပြောင်းမယ် အမည်ပေးထားသော သီချင်းကိုလည်း သီဆိုဖျော်ဖြေပေးခဲ့သည်။
ဖျော်ဖြေပွဲ၏ နောက်ဆုံး နှုတ်ဆက်ဖျော်ဖြေမှုအစီအစဉ်ကို အက်စစ်အဖွဲ့က Rဇာနည်နှင့် သီချင်းတစ်ပုဒ်သီဆိုခဲ့ကာ နောက် ဆုံးသီချင်းကိုမူ ငယ်ငယ်ပါ ပါဝင် သီဆို၍ နှုတ်ဆက်ခဲ့သည်။
ယင်းနေ့ညတွင် ကန်တော် ကြီးမျှော်စင်ကျွန်း၌လည်း ယနေ့ခေတ် ပရိသတ်အားပေးမှု ရရှိနေသော ဟစ်ဟော့ပ်အဆိုတော်များ ၏ဖျော်ဖြေပွဲပြုလုပ်ခဲ့ရာ ဟစ်ဟော့ပ်ပွဲနှစ်ပွဲ တိုက်နေသော ကြောင့် ယခင်ဖျော်ဖြေပွဲများနှင့် နှိုင်းယှဉ်လျှင် လူနည်းသော်လည်း ပရိသတ်အားပေးမှုများကြောင်း ယင်းဖျော်ဖြေပွဲကို ကြည့်ရှုခဲ့သူ တစ်ဦးက ဆိုသည်။
Author: ဇွဲဉာဏ်
7DAY DAILY