မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှုများဖြစ်

ရန်ကုန်၊ ဇွန် ၁၂
 ၁၂.၆.၂၀၁၄ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့နယ်အချို့ရှိ နေအိမ်များ၊ အဆောက်အဦများ၊ ကျောင်းများနှင့် လမ်းမများတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပွားခဲ့ပါသည်။

ယင်းကဲ့သို့ ရေလွှမ်းမိုးမှုများကြောင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၀၆)ရပ်ကွက်တွင် ရေအနက်(၄)ပေခန့်ထိ မြင့်တက်ခဲ့ရာ ၎င်းရပ်ကွက်ရှိ နေအိမ်(၅၀)လုံးမှာ ကြမ်းခင်းများနစ်မြုပ်ခဲ့ကြောင်း၊ ကမာရွတ်မြို့နယ်၊ (၁)ရပ်ကွက်တွင် ရေအမြင့်(၂)ပေခန့်ထိ မြင့်တက်ခဲ့ရာ အိမ်ခြေ(၁၈၀)လုံးမှာ ရေ၀င်နစ်မြုပ်ခဲ့ကြောင်းနှင့် ရပ်ကွက်နေပြည်သူများနှင့် တာဝန်ရှိသူများမှ ရေစီးရေလာ ကောင်းမွန်ရေး ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

အလားတူ သာကေတမြို့နယ်၊ ၁/အနော်မာရပ်ကွက်ရှိ အမက (၁၇)ကျောင်း၊ ၃/ရန်ပြေရပ်ကွက်ရှိ အမက(၃၉)ကျောင်း၊ လှိုင်သာယာမြို့နယ်၊ (၂၀)ရပ်ကွက်ရှိ အလက(၈)ကျောင်းနှင့် အမှတ်(၁၈)ရပ်ကွက်ရှိ အလက(၁၂)ကျောင်းများတွင် စာသင်ခန်း များအတွင်းသို့ ရေအနည်းငယ်ဝင်ရောက်ခဲ့သဖြင့် စာသင်ချိန် နေ့တစ်ဝက်ခန့်သင်ကြားခဲ့ပြီး အချိန်စော၍ကျောင်းဆင်းပေးခဲ့ ကြောင်း သိရှိရပါသည်။

ထို့ပြင် ဗဟန်းမြို့နယ်၊ အလယ်ရွှေဂုံတိုင်ရပ်ကွက်၊ ခြောက်ထပ်ကြီး ရွှေသာလျောင်းဘုရား အရှေ့ဘက် မုခ်စင်္ကြန်လမ်း အလျားပေ(၄၀)၊ အနံ(၁၇)ပေ၊ အမြင့်(၁၂)ပေရှိ အင်္ဂတေလျှောက်လမ်းမှာ မြေသား အိကျသွားမှုကြောင့် ကွဲအက်သွားခဲ့ပြီး စင်္ကြန်လမ်းအနီးရှိ ကွန်ပျူတာဆိုင်နောက်ကျောနံရံမှာ ပြိုကျခဲ့ကြောင်း၊ ရန်ကင်းမြို့နယ်၊ (၈)ရပ်ကွက်၊ သရဖီလမ်းနှင့် စံပယ်လမ်းထောင့်ရှိ နေအိမ်ရှေ့တွင်
ကာရံထားသော အရှည်ပေ(၅၀)၊ အမြင့်(၆)ပေခန့်ရှိ ခြံစည်းရိုး အုတ်တံတိုင်းမှာ ခြံဝင်းအတွင်းဘက်သို့ ပြိုကျသွားခဲ့ကြောင်း၊ ယင်းသို့ပြိုကျခဲ့မှုများကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သတင်းရရှိပါသည်။

Yangon Police



မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ