စည်းကမ်းမဲ့ယာဉ်များဖမ်းဆီးရေးတာဝန်ဆောင်ရွက်နေသော ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်အား ဓါးဖြင့်ခုတ်ကာ သိမ်းဆည်းခဲ့သည့် ဆိုင်ကယ်အား ပြန်လည်လုယူသွားသူကို စုံစမ်းဖမ်းဆီးအရေးယူ

ရန်ကုန်၊ ဇွန် ၁၂

၉.၆.၂၀၁၄ ရက်နေ့ ၁၀၃၀ အချိန်တွင် ယာဉ်ထိန်းတပ်ဖွဲ့စု(၃၈)မှ ရဲအုပ်နေလင်းထွန်းပါတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ ကညနမှတာဝန်ရှိသူများနှင့်အတူ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၃၅)ရပ်ကွက်၊ ပင်လုံလမ်းနှင့် ဗိုလ်မင်းရောင်လမ်းထောင့်၌ စည်ကမ်းမဲ့ယာဉ်များဖမ်းဆီးရေး တာဝန်ဆောင်ရွက်နေစဉ် ပေါ်တက်(ခ)ကိုအောင်ဆိုသူမှ နံပါတ်မပါ JLM-125အနက်ရောင် ဆိုင်ကယ်အား စီးနင်းလာသည် ကိုတွေ့ရှိသဖြင့် တားဆီးစစ်ဆေးခဲ့ရာ မှတ်ပုံတင်ထားခြင်းမရှိသော လိုင်စင်မဲ့ဆိုင်ကယ်ဖြစ်ကြောင်းသိရှိရ၍ သိမ်းဆည်းခဲ့သည်ကို ၎င်းမှ မကျေမနပ်ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များတာဝန်ဆောင်ရွက်နေသည့် နေရာသို့ ဓါးရှည်ကိုင်၍ ထပ်မံရောက်ရှိလာကာ ရဲအုပ်နေလင်းထွန်း အား ဓါးဖြင့်ခုတ်ခဲ့သဖြင့် ၀ဲချိုင်းအောက် တွင်(၃)လက်မခန့်ပြတ်ရှ ဒဏ်ရာရရှိခဲ့ပြီး သိမ်းဆည်းထားသည့်ဆိုင်ကယ်အား ပြန်လည်ရ ယူ၍ မောင်းနှင်ထွက်ပြေးသွားခဲ့ပါသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်ထိန်းတပ်ဖွဲ့စု(၃၈)တပ်ဖွဲ့စုမှူးမှ အရေးယူပေးပါရန် တိုင်တန်းခဲ့သဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မ ရဲစခန်း (ပ)၃၁၂/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၃၃ ဖြင့် အမှုဖွင့်ကာ ပေါ်တက်(ခ)ကိုအောင်၊ (၄၂)နှစ်၊ (ဘ)ဦးသောင်းအေး၊ (၃၂)ရပ်ကွက်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်နေသူအား ဖမ်းဆီးရမိရေးဆောင်ရွက် ခဲ့ပါသည်။

၎င်းအားဖမ်းဆီးရမိရေးအတွက် အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များက စုံစမ်းဆောင်ရွက်ခဲ့ရာ ပေါ်တက်(ခ)ကိုအောင်သည် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၂) ရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်းသိရှိရသဖြင့် သွားရောက် ရှာဖွေရာ ၎င်းမှာထွက်ပြေးတိမ်းရှောင်နေပြီး ၎င်း၏ သမီးဖြစ်သူ နေထိုင်သော ရွှေပြည်သာမြို့နယ်၊(၂၅)ရပ်ကွက်၊အပိုင်း(၆)ရှိနေအိမ် သို့ ရောက်ရှိနေကြာင်း စုံစမ်းသိရှိရသဖြင့် ရွှေပြည်သာမြို့နယ်၊ လှော်ကား နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ဖမ်းဆီးခဲ့ရာ ၁၀.၆.၂၀၁၄ ရက်နေ့ ၂၂၃၀ အချိန်ခန့်တွင် ဖမ်းဆီးရမိခဲ့ပြီး အမှုဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိပါသည်။

ပေါ်တက်(ခ)ကိုအောင်အားဖမ်းဆီးရမိစဉ်က ၎င်း၏ခါးကြားမှ အရိုးအသွား(၁၀)လက်မခန့်ရှိ သုံးမြှောင့် စကေဘာ(၁)ချောင်းအား တွေ့ရှိသိမ်းဆည်းရမိသဖြင့် လှော်ကားနယ်မြေရဲစခန်း(ပ)၁၆၁/၂၀၁၄၊ ပြစ်မှုပုဒ်မ-၁၉(င) ဖြင့်လည်းကောင်း၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များထံမှ ပြန်လည်ရယူသွားသည့် မှတ်ပုံတင်ထားခြင်းမရှိသော လိုင်စင်မဲ့ JLM-125 အနက်ရောင် ဆိုင်ကယ်အားပြန်လည်သိမ်းဆည်း ရမိသဖြင့် လှော်ကားနယ်မြေရဲစခန်း(ပ)၁၆၂/၂၀၁၄၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ-၈ ဖြင့်လည်းကေင်း ထပ်မံအရေးယူဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိပါသည်။

Yangon Police


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ