ခါးပိုက်နှိုက် (၁)ဦးဖမ်းဆီးရမိ

ရန်ကုန်၊ ဇွန် ၁၃

၁၂.၆.၂၀၁၄ရက်နေ့ ၁၁၄၅အချိန်တွင်ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေး တပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များသည် ခါးပိုက်နှိုက် ဖမ်းဆီးရေးအတွက် မင်္ဂလာတောင်ညွန့်မြို့နယ်၊ စာတိုက်မှတ်တိုင်၌ သတင်းစုံစမ်းနေစဉ် မှတ်တိုင်သို့်ရောက်ရှိလာသော အမှတ် (၃၄) ယာဉ်လိုင်း မီနီဘတ်(စ်) ယာဉ်ပေါ်မှ ဆင်းလာသည့် ခါးပိုက်နှိုက်ပြစ်ချက်ဟောင်းရှိသူ ဘာဘူ (၆၃)နှစ်၊ ဒေါပုံ မြို့နယ်နေသူအားတွေ့ရှိသဖြင့်စစ်ဆေးရှာဖွေရာ ၎င်း၏အင်္ကျီအိတ်ကပ်အတွင်းမှငွေကျပ် (၁၂၃၀၀)ကို တွေ့ရှိခဲ့ရပါသည်။

၎င်းငွေများနှင့် ပတ်သက်၍ စစ်ဆေးရာ ယာဉ်ပေါ်တွင်လိုက်ပါစီးနင်းလာစဉ် အသက် (၂၅)နှစ်ခန့်ရှိ အမျိုးသားတစ်ဦး၏ အင်္ကျီအိတ်ကပ်အတွင်းမှ နှိုက်ယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

ထိုသို့ပေါ်ပေါက်ချက်အရ ၎င်းအား မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း (ပ)၃၇၂/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၇၉(နှိုက်)/၅၄ဖြင့် အမှုဖွင့်လှစ်ကာအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ