"၂ဝ၁၄ ကမ္ဘာ့ဖလား ဖွင့်ပွဲ"


၂ဝ၁၄ ကမ္ဘာ့ဖလား ဖွင့်ပွဲ ၂ဝ၁၄ ကမ္ဘာ့ဖလား ပွဲတော် ဖွင့်ပွဲ အခမ်းအနားအား ဘရာဇီးနိုင်ငံ ဆောင်ပိုလို၌ ဇွန်လ ၁၂ရက်က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ သည်။

အဆိုပါဖွင့်ပွဲ အခမ်းအနား၌ အတီးအမှုတ်၊ အကအခုန် အမျိုးမျိုး ဖြင့် ဖျော်ဖြေ ခဲ့ကာ အချို့ ဂီတပညာ ရှင်များက တူရိယာပစ္စည်းများအား အင်္ကျီနဲ့ တွဲဖက် ချုပ်လုပ်ကာ ပရိသတ် အမြင်ဆန်းအောင် ဖျော်ဖြေခဲ့ပြီး အကပညာရှင် များ ကလည်း သစ်ပင် ပုံစံဝတ်စားကာ ကပြဖျော်ဖြေခဲ့ကြ သည်။

ထို့နောက် ဂျနီဖာလိုပက်(ဇ်)၊ ရက်ပါအဆိုတော် ပစ်ဘူးလ်နှင့် ကလော်ဒီယာ က WE ARE ONE သီချင်းကို သီဆိုခဲ့ကြသည်။ ၄င်းတို့ ၏ ကမ္ဘာ့ဖလားတရားဝင် ဖွင့်ပွဲ သီချင်းသည် စတင်ဖြန့်ချိကတည်းက ဝေဖန်ခံခဲ့ရပြီး အခမ်းအနား ၌လည်း အများစုက ဆိုးရွားလွန်းသည်ဟု ပြစ်တင်စကားဆိုခဲ့ကြသည်။

ဖွင့်ပွဲ အခမ်းအနား ပြီးနောက် အုပ်စုက အဖွင့်ပွဲစဉ်အား အိမ်ရှင် ဘရာဇီးနှင့် ခရိုအေးရှား အသင်းက ယှဉ်ပြိုင် ကစားခဲ့ရာ ဘရာဇီး အသင်း က ခရိုအေးရှား အသင်းကို ၃-၁ ဂိုး ဖြင့် အနိုင် ရရှိခဲ့ပြီး ရမှတ် ၃ မှတ်ဖြင့် ဦးဆောင်လျက် ရှိသည်။

သိင်္ဂီဝင်း
Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ