မြန်မာ့ရိုးရာ လက်ဝှေ့လောကတွင် ထိုးသတ်ကြေး အများဆုံး ရရှိသူအဖြစ် တွေ့မရှောင် ဦးဆောင်နေ တစ်ပွဲအတွက် အမြင့်ဆုံး ထိုးသတ်ကြေး ကျပ် ၄၅ သိန်းအထိ ရရှိခဲ့

မြန်မာ့ရိုးရာ လက်ဝှေ့လောကအတွင်း ထိုးသတ်ကြေး(တစ်ပွဲအတွက်ထိုးကြေး) အများဆုံးရရှိသူအဖြစ် နာမည်ကျော် ရိုးရာ လက်ဝှေ့သမား တွေ့မရှောင်က ရပ်တည်ထားနိုင်ခဲ့သည်။

လက်ရှိအချိန်တွင် ရိုးရာလက်ဝှေ့ပြိုင်ပွဲများမှ အနားယူသွားခဲ့ပြီဖြစ်သော ပထမတန်းလက်ဝှေ့ကျော် တွေ့မရှောင်မှာ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း ထိုးသတ်ခဲ့သော စောငမန်းနှင့်ပွဲစဉ်တွင် ထိုးသတ်ကြေး ၄၅ သိန်းအထိ ရရှိခဲ့ပြီး ရိုးရာလက်ဝှေ့သမားများထဲတွင် အများဆုံးရရှိသည့် ထိုးသတ်ကြေးလည်းဖြစ်ခဲ့သည်။

မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်းဇော်ဇော်က `လောလောဆယ်မှာ အမြင့်ဆုံးအနေနဲ့ နောက်ဆုံးရခဲ့ဖူးတာက တွေ့မရှောင်ပါ။ ၄၅ သိန်းရဖူးတယ်။ လောလော ဆယ် ထိပ်တန်း ၃ ယောက်ဆိုရင် ၃၅ သိန်းလောက်ရတယ်။ တွေ့မရှောင်က စောငမန်းနဲ့ ထိုးတဲ့ တစ်ပွဲတည်း ၄၅ သိန်းရခဲ့တာပါ။ ကျန်တဲ့အချိန်ဆို သူလည်း ၃၅ သိန်းပါ" ဟုဆိုသည်။

မြန်မာ့ရိုးရာလက်ဝှေ့ကစားသမားများထဲတွင် ပထမတန်း၊ ဒုတိယတန်း စသည်ဖြင့် အဆင့်လိုက် ထိုးသတ်ကြေးကွာဟ သွားကြပြီး အနိမ့်ဆုံး သောင်းဂဏန်းမှ အမြင့်ဆုံး သိန်း ဆယ်ဂဏန်းအထိ ပေါက်ဈေးရှိနေသည်။
"အနိမ့်ဆုံးကတော့ ၃ ချီ ကြားပွဲထိုးတဲ့ ကလေးတွေက အနည်းဆုံး ၆ သောင်းရတယ်။
ဒါက ရန်ကုန်အနေနဲ့ ပြောတာ။ နယ်တော့မသိဘူး။ ၄ ချီထိုးတဲ့ ကလေးတွေက ၎
သိန်း၊ ၃ သိန်း၊ ၂ သိန်းရတယ်။ ဒီလိုပဲ ၃ ချီထိုးတဲ့ ကလေးတွေထဲမှာလည်း ၂
သိန်း၊ တစ်သိန်းရတဲ့ သူတွေ ရှိတယ်။ အခုမှ စင်ပေါ် စတဲ့လာတဲ့ ကလေးတွေကတော့
နိုင်ရင် ခြောက်သောင်း၊ ရှုံးရင် လေးသောင်း အဲဒီလိုရှိတယ်။ လက်ဝှေ့လောကမှာ
ထုံးစံက နာမည်ကြီးသွားလို့ ပထမတန်းဖြစ်သွားရင် ကြေးသေတောင်းတာများတယ်။
ကြေးသေ ဆိုတာ နိုင်၊ နိုင်၊ ရှုံး၊ ရှုံး ၊ သရေပဲ ဖြစ်ဖြစ် ကြေးသေပဲ။
ပွဲစီစဉ်တဲ့သူကလည်း နာမည်ကြီးသွားတဲ့ လက်ဝှေ့သမားဖြစ်တဲ့အတွက်
တောင်းသလောက် ပေးရတယ်။ နာမည်အရမ်းကြီးသွားရင် အဲလို ကြေးသေ ပေးရတယ်။
သိပ်နာမည်မကြီးသေတဲ့သူတွေဆိုရင် နိုင်ရင်ဘယ်လောက်၊ ရှုံးရင်
ဘယ်လောက်ဆိုပြီး ကြေးကို နည်းနည်း ကွာလို့ ရသေးတယ်``ဟု ဦးစိုင်းဇော်ဇော်က ထပ်မံပြောသည်။

နာမည်ကြီး ပထမတန်း ရိုးရာလက်ဝှေ့ ကစားသမားများအနေဖြင့် ထိုးသတ်ကြေး
ထိုက်ထိုက်တန်တန် ရရှိသော်လည်း နာမည်မပေါ်သည့် လက်ဝှေ့ကစားသမားများ ၏
ထိုးသတ်ကြေးမှာ နည်းပါးလွန်းသည့် အနေအထားတွင်ရှိနေသည်။
လက်ဝှေ့ကစားသမားများ၏ ထိုးသတ်ကြေးနှင့် ပတ်သက်၍
မြန်မာ့ရိုးရာလက်ဝှေ့ကစားသမား တူးတူးက `ကျွန်တော်တို့ဆိုရင်တော့
ထိုက်တန်တယ်လို့ ပြောရမယ်။ ကျွန်တော်တို့ အောက်မှာဆိုရင် ကိုယ်တွေလောက်
မရတဲ့ လက်ဝှေ့ သမားတွေလဲ အများကြီးပဲလေ။ ပဲပြားဖြစ်တယ်ဆိုတာလဲ ပဲပြားက
ကျွန်တော်တို့ ကြေးလောက်မရဘဲ ဖြစ်ခဲ့တာ လေ။ ကျွန်တော့်အနေနဲ့
ပြောမယ်ဆိုရင်တော့ ထိုက်တန်တယ်လို့ ပြောနိုင်ပါတယ်။
ထိုးသတ်ကြေးနည်းတဲ့လူတွေဆိုရင်တော့ သိပ် မထိုက်တန်ဘူးလို့
ပြောလို့ရပါတယ်` ဟုပြောသည်။ လက်ရှိအချိန်တွင်
မြန်မာ့ရိုးရာလက်ဝှေ့လောကတွင် ထိုးသတ် ကြေးများသည့် ကစားသမားသုံးဦးမှာ
ထွန်းထွန်းမင်း၊ စိုးလင်းဦးနှင့် တူးတူးတို့ဖြစ်ပြီး ၎င်းတို့၏
ထိုးသတ်ကြေးမှာ ၃၅ သိန်း အထိ ရှိနေသည်။

သောကြာ
Mizzima Sport News

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ