ဆေးကျောင်း တက်ရင်းက အနုပညာအလုပ်များကို အချိန်ရသလောက် ကြိုးစားလုပ်ကိုင်
လျက်ရှိသည့် အေးချမ်းမိုး က ဆေးကျောင်းပြီးသွား ပါကလည်း ဆရာဝန်အလုပ်နှင့်
အနုပညာအလုပ် နှစ်ခုလုံးကို တတ်နိုင်သမျှ ကြိုးစားလုပ်ကိုင်
သွားမည်ဖြစ်ပြီး အနုပညာ အလုပ်မှရရှိသော ငွေများကို ဆေးကုသရာ၌ ပြန်လည်
အသုံးပြုသွား မည်ဖြစ်ကြောင်း ယခုလို ပြောပြခဲ့သည်။
''ဆေးကျောင်း
ပြီးသွားရင်တော့ အနုပညာ အလုပ်လည်းလုပ်မယ်။ ဆေးပညာဘက်မှာလည်း ထပ်ပြီး
တိုးတက်အောင် လုပ်မယ်။ ပါရဂူဘွဲ့တွေလည်း ဆက်ယူသွားဖို့ရှိတယ်။
ကိုယ်တတ်ထားတဲ့ ပညာနဲ့ ရွာတွေမှာ အခမဲ့ ဆေးကု ခန်း လေးတွေဖွင့်ပြီး
ကုသဖို့လည်း စဉ်းစားထားတယ်။ ဒါကတော့ ငယ်ငယ်ကတည်းက ရှိခဲ့ဖူးတဲ့ စိတ်ကူး
လေးပါ။ အဘိုးအဘွားတွေကို ဆေးကုသပေးမယ်ပေါ့။ အဘိုးအဘွားတွေကို မြင်တဲ့အခါ
စာနာမိတယ်။ ဘာဖြစ် လို့လဲဆိုတော့ အဘိုးအဘွားတွေက အသက်ကြီးလာတဲ့အခါ
အလုပ်တွေလည်း မလုပ်နိုင်တော့ဘူး။ အလုပ်မလုပ် နိုင်တော့ ဝင်ငွေ လည်းမရှိဘူး။
တစ်ခါတလေကျ သားသမီးတွေက ဝင်ငွေမရှိလို့ ပစ်ပယ်ထားတဲ့ အခါမျိုးတွေမှာ
စိတ်ညစ်ကြရ တယ်။ ဆေးကုသဖို့တောင် ငွေမရှိတဲ့အခါတွေရှိတယ်။ အဲဒါတွေကို
ဂရုဏာဖြစ်ပြီးတော့ ကြီးလာရင် ကိုယ်တတ် တဲ့ ဆေးပညာနဲ့၊ ကိုယ့်ရဲ့ အလုပ်ကရတဲ့
ငွေလေးနဲ့ သူတို့ကို ပြန်ပြီး အကျိုးပြုချင်ပါတယ်'' ဟု သူမက ပြောပြခဲ့သည်။
ငယ်ငယ်ကတည်းက ထားရှိခဲ့သည့် သူမ၏ ပရဟိတ စိတ်ထားကြောင့် ပရဟိတလုပ်ရသည့်
အပေါ်တွင်လည်း ''ပရဟိတ ဆိုတာကတော့ လူသားတွေကို အကျိုးပြုတာပေါ့။ ကိုယ့်မှာက
တစ်ခါတလေ ငွေကြေးအင်အား ရှိတဲ့ အခါဖြစ်စေ၊ ငွေကြေးအင်အား မရှိတဲ့အခါဖြစ်စေ၊
လူအင်အားနဲ့ တစ်စိတ်တစ်ဒေသလောက် ကူညီပေးနိုင်တာပေါ့။ ကိုယ့်ရဲ့ကူညီမှုက
သူတို့အတွက် ကြီးမားတဲ့ရရှိ မှုဖြစ်ချင်မှဖြစ်မယ်။ တစ်ခါတလေမှာ ကိုယ့်ရဲ့
ကူညီမှု သေးသေး လေးက သူတို့အတွက် ဝမ်းသာပီတိဖြစ်မှုတွေ အများကြီး
ရစေနိုင်ပါတယ်။ အခု ညီမဆို သူငယ်ချင်းတွေနဲ့ စုပြီးဖွဲ့ထားတဲ့ ပရဟိတ
အဖွဲ့လေးရှိတယ်။ အဲဒီလို ဝိုင်းဝန်းပြီး လုပ်ဆောင်ကြတဲ့အခါမှာ တကယ်လိုအပ်
နေတဲ့သူတွေအတွက် အကူအညီကောင်းတွေ အများကြီးရလာနိုင်မှာပါ'' ဟု
အေးချမ်းမိုးက သူမ၏ ပရိသတ်ကြီး အတွက် ပြောပြပေးခဲ့သည်။
မြ၀တီ
အနုပညာအလုပ်က ရတဲ့ငွေကို ဆေးကုသရေးမှာ ပြန်လည်အသုံးချ သွားမယ်ဆိုတဲ့ အေးချမ်းမိုး
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
Entertainment
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin