YouTube တွင် ကြည့်ရှုသူ သန်း(၁၀၀၀)ပြည့်ခဲ့သည့် Girls’ Generation

YouTube ဝက်ဘ်ဆိုက်ပေါ်တွင် ကြည့်ရှုသူ အရေအတွက် သန်း(၁၀၀၀)ပြည့် ဗီဒီယိုပိုင်ရှင်များ စာရင်း၌ တောင်ကိုရီးယား Kpop ကြယ်ပွင့် အမျိုးသမီး ဂီတအဖွဲ့ Girls’ Generationလည်း ပါဝင်လာပြီ ဖြစ်သည်။ တောင်ကိုရီးယား ဂီတလောကကို လွှမ်းမိုးထားသည့် Girls’ Generationတို့ အနေဖြင့် ယခုအခါ တစ်ကမ္ဘာလုံး အတိုင်းအတာထိ ပရိသတ်အင်အား တိုးချဲ့ပိုင်ဆိုင်လာနေသည်ကို ယခုမှတ်တမ်းက ညွှန်ပြနေသည်။ YouTubeက ကြည့်ရှုခြင်း ခံရသူ အရေအတွက် သန်း(၁၀၀၀)ပြည့်မြောက်သည့် One Billion Club အဖွဲ့ဝင်အဖြစ် Girls’ Generationလည်း ပါဝင်လာခဲ့ပြီဟု အတည်ပြုပေးခဲ့သည်။ ဂီတလောကတွင် အထင်ကရ ကြယ်ပွင့်များဖြစ်သည့် ရှာကီရာ၊ အမ်မီနမ်၊ ဂျက်စတင်တင်းဘားလိတ်ခ်၊ ရီဟာနာ၊ လေဒီဂါဂါတို့ကဲ့သို့ ပုဂ္ဂိုလ်များနှင့်တန်းတူ ရပ်တည်မှုမျိုးကို Girls’ Generation အနေဖြင့် ပိုင်ဆိုင်လာခြင်းလည်း ဖြစ်သည်။

Pop Dust၏ အဆိုအရ လက်ရှိ Girls’ Generation၏ အောင်မြင်မှုသည် Kpopရပ်ဝန်းမှရော၊ အနောက်နိုင်ငံများမှရော ထင်ရှားကျော်ကြားသည့် အမျိုးသမီး ဂီတအဖွဲ့များဖြစ်သည့် 2NE1၊ AKB48၊ Destiny’s Child၊ Spice Girls၊ Little Mixတို့ထက် အသာစီး ရနေကြောင်း သိရှိရသည်။ အထူးသဖြင့် အဖွဲ့၏ Geeသီချင်းမှာ ပရိသတ်ကြား ရေပန်းစားခဲ့ပြီး ထိုသီချင်း တစ်ပုဒ်တည်းကို ကြည့်ရှုသူ အရေအတွက် သန်း(၁၂၀)ကျော်ထိ ရောက်ရှိခဲ့သည်။ ထို့အပြင် I Got A Boyမှာလည်း လူကြိုက်များခဲ့ပြီး ယင်းသီချင်းသည် လေဒီဂါဂါ၊ ဂျက်စတင်ဘီဘာ၊ မိုင်လီဆိုင်းရပ်စ်တို့၏ သီချင်းဗီဒီယိုများကို ကျော်ဖြတ်ကာ YouTube၏ တစ်နှစ်တာ အကောင်းဆုံး ဗီဒီယိုဆုကို ရရှိခဲ့သည်။

Girls’ Generation အဖွဲ့ဝင်များသည် တစ်ဦးချင်းအလိုက် ဂီတနှင့် ဖက်ရှင်နယ်ပယ်တွင် ခွဲထွက်လှုပ်ရှားမှုများ ရှိသော်လည်း အဖွဲ့ကိုမူ အပြိုကွဲမခံခဲ့ချေ။ လက်ရှိတွင် Girls’ Generation အဖွဲ့ဝင် (၉)ဦးလုံးသည် သူမတို့၏ Mr. Mr သီချင်းသစ်အတွက် Promotion အစီအစဉ်များ အပြီးကတည်းက တစ်ဦးချင်း လှုပ်ရှားမှုများဖြင့် အတန်ငယ် အလုပ်များနေသည်။ ဂျက်ဆီကာသည် ညီမဖြစ်သူ SM the Ballad အဖွဲ့ဝင် ခရစ္စတယ်လ်နှင့်အတူ Cover Girl အမည်ရှိ ကိုယ်ပိုင် TV Showတစ်ခု အစပြုရန် စီစဉ်လျှက် ရှိပြီး ယွန်အာကမူ ဒူဘိုင်းသို့ သွားရောက်ကာ Chanel အမှတ်တံဆိပ်၏ ဖက်ရှင်ရှိုးပွဲသို့ တက်ရောက်ခဲ့သည်။ ဆန်နီကမူ အသံလွှင့် အစီအစဉ်တစ်ခုတွင် DJအဖြစ် ပါဝင်လျှက် ရှိသည်။ Girls’ Generationကို (၂၀၀၇)ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး တေယွန်း၊ ဂျက်ဆီကာ၊ ဆန်နီ၊ တစ်ဖ်နီ၊ ဟိုယွန်း၊ ယူရီ၊ ဆူယောင်း၊ ယွန်အာ၊ ဆိုဟွန်းတို့ ပါဝင်ထားကြသည်။

 Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ